ကမ္ဘာ့သွေးတိုးရောဂါနေ့အထိမ်းအမှတ်စုပေါင်းလူထုလမ်းလျှောက်ပွဲ
တည်နေရာ
Mindar Ground, U wisara Road, Yangon
လမ်းညွှန်ကြည့်
ဖော်ပြချက်
မင်္ဂလာပါ။ ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ် စုပေါင်းလူထုလမ်းလျှောက်ပွဲနှင့် အခြား စိတ်ဝင်စားဖွယ်အစီအစဉ်တွေကို လာမယ့် မေလ ၁၇ ရက်၊ သောကြာနေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဝင်ကြေး အခမဲ့ ဖြစ်ပြီး ကျန်းမာရေးဗဟုသုတတွေ ရရှိနိုင်မယ့် အပြင် အခမဲ့ ကျန်းမာရေး စစ်ဆေးပေးမယ့် အစီအစဉ်တွေ ပါဝင်တဲ့ အတွက် မိဘပြည်သူများ လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။



ပါဝင်မယ့် အစီအစဉ်တွေကတော့ …..

၁။ မိုင်ဒါကွင်းကနေ အမှတ် (၈) ဘောလုံးကွင်း အထိ စုပေါင်းလမ်းလျှောက်ခြင်း

(ပါဝင်လမ်းလျှောက်ချင်သူတွေ အနေနဲ့ မိုင်ဒါကွင်းဘေး၊ စကားဝါလမ်းနှင့် မြို့မကျောင်းလမ်းထောင့် ကို မနက် ၅:၁၅ အရောက်လာရပါမယ်။ လမ်းလျှောက်မယ့်သူတွေကို ဦးရာလူစနစ်နဲ့ တီရှပ် အခမဲ့ဝေပေးသွားဦးမှာနော် )



၂။ နိုင်ငံကျော် မော်ဒယ် သန္တာလှိုင် ဦးဆောင်တဲ့ T’s Workshop နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကစားကြမယ့် Functional Exercises ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ

(ဆုလက်ဆောင်တွေရရှိနိုင်မယ့် Challenge အစီအစဉ်တွေလည်း ပါဝင်ဦးမှာနော်)



၃။ ကျန်းမာရေးဗဟုသုတ တိုးပွားစေမယ့် ပြခန်းတွေ ကိုလှည့်လည်ကြည့်ရှုနိုင်တဲ့ အပြင် နောက်ထပ် ဆုလက်ဆောင်တွေရရှိမယ့် ပျော်ရွှင်စရာဥာဏ်စမ်းအမေးအဖြေ ကဏ္ဍများ



၎။ အခမဲ့ကျန်းမာရေးစစ်ဆေးပေးမည့် အစီအစဉ်များ

- သွေးတိုးရောဂါ ရှိ/မရှိ သိနိုင်ဖို့ သွေးပေါင်ချိန်တိုင်းတာခြင်း၊

- သွေးအားနည်း/ မနည်း စစ်ဆေးပေးခြင်း၊

- အရိုးပါးရောဂါရှိ/ မရှိစစ်ဆေးပေးခြင်း၊

- အဆီများ/ မများ စစ်ဆေးပေးခြင်း

- ခန္ဓာကိုယ်တွင်း အဆီဓာတ်၊ ရေဓာတ်၊ ကြွက်သားအနေအထား ဝမ်းခေါင်းတွင်း အဆီများ/ မများ စစ်ဆေးပေးခြင်း နှင့် သွေးတွင်းသကြားဓာတ် တိုင်းတာပေးခြင်း စတဲ့ အစီအစဉ်တွေကို ၁၀ နာရီခွဲအချိန် ပွဲပြီးဆုံးတဲ့ အထိ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။



အပေါ်မှာ ဖော်ပြထားသလို စိတ်ဝင်စားစရာ အစီအစဉ်တွေ အများကြီး ရှိနေမှာ ဖြစ်တာကြောင့် ဆက်ဆက်လာခဲ့ဖို့ မမေ့ပါနဲ့နော်။



- လမ်းလျှောက်မယ့်သူတွေ အနေနဲ့ မိုင်ဒါကွင်းဘေး၊ စကားဝါလမ်းနှင့် မြို့မကျောင်းလမ်းထောင့် ကို မနက် ၅း၁၅ အရောက် လာရပါမယ်။ လမ်းလျှောက်မယ့်အချိန်က ၅ နာရီခွဲကနေ ၆ နာရီအထိဖြစ်ပါတယ်။

- ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ် ပွဲ အစီအစဉ်တွေကိုတော့ အမှတ် (၈) ဘောလုံးကွင်း (M3 Food center အနီး)၊ ဦးဝိစာရလမ်းနှင့် ရွှေဂုံတိုင်လမ်းထောင့်၊ ဗဟန်းမြို့နယ်မှာ မနက် ၆ နာရီကနေ စတင်ကျင်းပသွားပါမယ်။



နေ့ရက် - မေလ ၁၇ရက်၊ ၂၀၁၉ (သောကြာနေ့)

အချိန် - မနက် ၆ နာရီမှ ၁၀ နာရီအထိ

ဝင်ကြေး - အခမဲ့



တက်ကြွလန်းဆန်းနေတဲ့ သင့် ပုံရိပ် တွေကို Facebook ပေါ် တင်မယ်ဆိုရင်တော့ #KnowYourNumbers ဆိုတဲ့ hashtag လေး သုံးပေးပါနော်။
မျှဝေပါ