Retail နဲ့ Entrepreneur
တည်နေရာ
UMFCCI, Yangon
လမ်းညွှန်ကြည့်
အဆက်အသွယ်
နေ့ရက် - ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၅ ရက် (စနေနေ့)
အချိန် - ညနေ ၃:၀၀ မှ ၅:၀၀ ထိ
နေရာ - UMFCCI ၊ မင်္ဂလာခန်းမ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

စိတ်ပါဝင်စားသူ ဘယ်သူမဆို အခမဲ့နာမည်စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းပြီးနောက် အတည်ပြုချက် စောင့်ဆိုင်းဖို့မလိုဘဲ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

အောက်ပါနည်းလမ်းတွေထဲနေ တစ်ခုခုကိုသုံးပြီးစာရင်းပေးသွင်းနိုင်ပါတယ်။
-SMS Register- (အမည်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်ရာထူး၊ ကုမ္မဏီအမည်နဲ့ Email လိပ်စာတွေကို 09 785606060 (သို့မဟုတ်) 09 968557560

- Online Register - https://www.eventbrite.com/e/62561990598

အသေးစိတ် သိရှိမေးမြန်းလိုပါက Hot Line ဖုန်းနံပါတ်တွေဖြစ်တဲ့ 09 785606060/ 09968557560 ကို ဆက်သွယ်နိုင်ပါတယ်။
ဖော်ပြချက်
Retailpreneur ဆိုတာကတော့ Retail နဲ့ Entrepreneur ပေါင်းစပ်ထားတဲ့ စကားလုံးဖြစ်ပါတယ်။

ယနေ့မြန်မာပြည်က ဖွံဖြိုးတိုးတက်လာတဲ့ လုပ်ငန်းကဏ္ဍတွေထဲမှာ Retail ဆိုတဲ့ လက်လီလုပ်ငန်းလည်း အဓိကနေရာမှာ ပါဝင်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ လက်လီလုပ်ငန်းနဲ့ ပတ်သက်ပြီး ယှဉ်ပြိုင်မှု ပြင်းထန်လာသလို အောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းတွေ သိဖို့ကလည်း အရေးကြီးလာပါတယ်။ Retail ရဲ့ အဓိကသော့ချက်က Detail (အသေးစိတ်အာရုံ စူးစိုက်ခြင်း) ပဲဖြစ်ပါတယ်။



============================

ဟောပြောဆွေးနွေးမယ့်ပုဂ္ဂိုလ်တွေကတော့



- စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် မှ ဟောပြောမှာဖြစ်ပြီး ဒေါက်တာအောင်ထွန်းသက်နဲ့အတူ

- PT Power & BOC Co.,Ltd ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဆွေတို့မှ



👉 Retail လုပ်ငန်းတစ်ခုအောင်မြင်ဖို့ အခြေခံအားဖြင့် ဘာတွေသိထားသင့်လဲ… ?

👉 ဘယ်လိုမဟာဗျူဟာတွေ ချမှတ်လုပ်ဆောင်သင့်သလဲ… ?

👉 စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်မလဲ…?



စတာတွေကိုသီအိုရီ၊ လက်တွေ့အတွေ့အကြုံတွေကိုမျှဝေသွားမှာ ဖြစ်ပါတယ်။

လက်လီစီးပွားရေးလုပ်ငန်းတွေ အောင်မြင်စေဖို့ လုပ်ငန်းနဲ့စီမံခန့်ခွဲမှုအတွေ့အကြုံများစွာ ရရှိနိုင်ပါလိမ့်မယ်။

ပြည်တွင်းမှာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ စီးပွားရေးအမြင်တွေကို ကိုယ်တိုင် ကိုယ်ကျ နားထောင်ခွင့်ရရှိမှာဖြစ်ပြီး သိလိုတာတွေကို မေးမြန်းနိုင်တဲ့အတွက် လက်မလွှတ်တမ်း တက်ရောက်သင့်တဲ့ အခမဲ့ ဟောပြောပွဲ ဖြစ်ပါတယ်။



============================

Retailpreneur အခမဲ့ဟောပြောပွဲကို တက်ရောက်သင့်တဲ့သူတွေကတော့



- လက်လီလုပ်ငန်းနဲ့ စွန့်ထွင်ဦးစီးလုပ်ကိုင်လိုသူတွေ

- လက်လီရောင်းချမှုနဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေ

- လက်ရှိလက်လီလုပ်ငန်းကို စနစ်တကျဦးဆောင်လုပ်ကိုင်လိုသူတွေ

- နေ့စဉ်နဲ့အမျှပေါ်ပေါက်လာတဲ့ ပြိုင်ဘက်တွေကြားမှာ မိမိလုပ်ငန်းကို ခေတ်ရေစီးနဲ့အညီ စီမံခန့်ခွဲအကောင်အထည်ဖော်လိုသူတွေ

- လက်လီရောင်းချခြင်းကို ကနဦးစတင်ချိန်ကတည်းက စနစ်တကျစတင်သူလိုသူ

-စက်သုံးဆီရောင်းဝယ်ရေးနှင့် ပတ်သက်၍ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။
မျှဝေပါ