Thursday - June 13 - 2019

ဖုန်းမကြည့်ရင် ပီဇာတဝစားရမယ့် ပီဇာဆိုင်

တစ်နေ့ကိုဖုန်းမကြည့်ဘဲ ဘယ်နာရီလောက်နေနိုင်လဲ။ ကယ်လီဖိုးနီးယား ပီဇာဆိုင်မှာတော့ ထမင်းစားချိန်ဖုန်းမကြည့်ဘဲနေရင် အမိုက်စားပီဇာတွေကို Freeစားခွင့်ရမှာပါ။ အနည်းဆုံး လူ(၄)ယောက်စာလောက်စားလို့ရတဲ့ ပီဇာအကြီးကြီးကို ဖုန်းခဏလေးမကြည့်တာနဲ့ တမုန်းဆွဲရမယ့် အစီအစဉ်ပါ။ ဒီအစီအစဉ်ကို “စကားပြောရင်း Discount” ယူမယ်ဆိုနာမည်နဲ့အတူ အမေရိကန် ပီဇာဆိုင်ဖြစ်တဲ့ Curry Pizza Company ကစပြီးကြေငြာခဲ့ပါတယ်။ ဒီ promotion က ၂၄နာရီအတွင်းသူငယ်ချင်းတွေနဲ့ နောက်ထပ်တစ်ကြိမ်လာပြီးစားလို့ရပါသေးတယ်တဲ့။
သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့မိတ်ဆွေတွေ အတူတူထမင်းစားရင်း ဖုန်းတွေပွတ်နေမယ့်အစား စကားလေးပြောစေချင်တဲ့ရည်ရွယ်ချက်နဲ့ပါလို့ ဆိုင်ရဲ့တာဝန်ရှိသူကပြောပါတယ်။ ဒီအစီအစဉ်ကနေ ရလာမယ့်အကျိုးအမြတ်ကိုလည်း အိမ်ခြေမဲ့တွေကို ပြန်ပြီးလှူဒါန်းသွားမှာဖြစ်ပါတယ်။
စည်းကမ်းချက်တွေကတော့ ဖုန်းတွေအားလုံးကိုပိတ်ထားပေးပြီး စကားပြောပေးရုံပါပဲတဲ့။