Thursday - June 13 - 2019

တစ်ကိုယ်တော်အယ်လ်ဘမ်ထုတ်မယ့် EXO အဖွဲ့ဝင်ဘေဟွန်း

အမျိုးသားကေပေါ့ပ်EXOအဖွဲ့ဝင်ဘေဟွန်းသည်ဇူလိုင်တွင်တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိမည်ဖြစ်သည်။ယင်းမှာလွန်ခဲ့သောခုနစ်နှစ်ကEXOနှင့်အတူ အနုပညာ ပွဲထွက်ပြီးနောက်ပိုင်း ဘေဟွန်း ၏ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်သည်။
EXOအဖွဲ့ဝင်ချန်းကလည်းApril, and a Flowerအမည်ရှိမီနီအယ်လ်ဘမ်နှင့်အတူပထမဆုံးတစ်ကိုယ်တော်အခွေထွက်ရှိခဲ့သဖြင့်ဘေဟွန်းသည်တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိမည့်ဒုတိယမြောက်အဖွဲ့ဝင်ဖြစ်လာသည်။
ထိုအတောအတွင်းEXOအဖွဲ့ဝင်ချန်ယိုလ်နှင့်ဆီဟန်းသည် နှစ်ယောက်ပေါင်းဖန်တီးထား သောအယ်လ်ဘမ်ကိုဇူလိုင်တွင် ထုတ်လုပ်ရန်ပြင်ဆင်နေပြီးEXO အဖွဲ့လိုက်ဂီတဖျော်ဖြေပွဲလည်း ကျင်းပရန်စီစဉ်ထားသည်။
Ref:allkpop