Wednesday - July 10 - 2019

Ladygaga မိတ်ဆက်ပေးလိုက်တဲ့ Haus Laboratories

The Ppo Stars ကနေ လေဒီဂါဂါရဲ့ကိုယ်ပိုင်Brand ပစ္စည်းသစ် Haus Laboratories ဗီဒီယိုအသစ်ကို ပြီးခဲ့တဲ့ အဂါၤနေ့ကမိတ်ဆက်ပေးလိုက်ပါတယ်။ “ အလှအပဆိုတာ ကြည့်တဲ့သူတွေရဲ့အမြင်ပေါ်မှာမူတည်ပါတယ်။ ဒါပေမယ့် Haus Laboratoriesကတော့ ကိုယ့်ကိုကိုယ် မြင်မိတဲ့ အလှတရားတစ်ခုပါ” လေဒီဂါဂါရဲ့ အဖွင့်စကားလေးပါ။
သူမရဲ့အင်စတာဂရမ်မှာတင်ထားတဲ့ ပိုဒ့်မှာ အလှအပနဲ့ပတ်သတ်လာရင် ကျွန်မဒွိဟဖြစ်နေတာရှိတယ်။ အပြင်ပန်းလှခြင်းနဲ့အတွင်းစိတ်လှပခြင်းပေါ့။ ဘယ်ဟာပိုအရေးကြီးလည်းဆိုတာ အမြဲတွေးနေတက်တယ်။ ကျွန်မမှတ်မိသေးတယ်။ မနက်တိုင်း မိတ်ကပ်လိမ်းနေတဲ့ အမေ။ သူမက ဘယ်လိုလူမျိုးလဲဆိုတာကို မိတ်ကပ်ရဲ့အထောက်အပံနဲ့ ပိုပြီးတက်ကြွလာစေတယ်။ ရဲ့ရင်တယ်။ ကြိုးစားတယ်။ ဒီအချက်တွေကပဲ ဒီနေ့ LadyGaga ဆိုတာဖြစ်လာတာပါ။ ကျွန်မကိုယ် ကျွန်မမှန်ထဲကြည့်ပြီး လက်ရှိကျွန်မဘဝ၊ ကျွန်မဖြစ်ချင်နေတဲ့ပုံစံအတိုင်းဖြစ်လာအောင် ကျွန်မလုပ်နိုင်ခဲ့တယ်။ အလှတရားဆိုတာ အရိုင်းဆန်ပါတယ်။ တနည်းအားဖြင့် မိတ်ကပ်ရဲ့အထောက်အပံတွေနဲ့ ကိုယ်ကိုယ်တိုင်မသိလိုက်တဲ့ ပုန်းကွယ်နေတဲ့ အလှတရားကို ထုတ်ဖော်ပေးတယ်။ကျွန်မရဲ့အလှအပကိုရှာတွေ့ခဲ့သလို ပြောင်းလဲဖို့အတွက်လည်း ကျွန်မလက်ခံခဲ့တယ်။ တချို့တွေကပြောတယ်။ ထူးဆန်းတယ်ပေါ့။ တကယ်တော့ ကျွန်မက ဒီလိုဖြစ်ဖို့မွေးဖွားလာတာပဲ။
လေဒီဂါဂါရဲ့ Haus Laboratories ကို ဇူလိုင်(၁၅)ရက်နေ့ pre order အဖြစ်စတင်လက်ခံသွားမှာပါ။ အဓိကအနေနဲ့ Lip gloss နဲ့ Lip liner တွေပါဝင်မှာပါ။