Thursday - July 11 - 2019

‘Spirit’လို့နာမည်ပေးထားတဲ့ သီချင်းသစ်ကိုဘီယွန်စေးမိတ်ဆက်

အမေရိကန်အဆိုတော်ဘီယွန်စေးက၎င်း၏တေးအယ်လ်ဘမ်သစ်LionKingတွင်ပါဝင်မည့်‘Spirit’ဟုအမည်ပေးထားသည့်သီချင်းသစ်တစ်ပုဒ်ကို မိတ်ဆက်ခဲ့သည်။
‘LionKing’ဇာတ်ကား၏ နာလာဇာတ်ကောင်နေရာတွင် အသံသရုပ်ဆောင်ထားသောဘီယွန်စေးက၎င်းကိုယ်တိုင်ထုတ်လုပ်သောတေးသီချင်းသစ်သည်RandB၊ဟစ်ဟော့ပ်နှင့်အာဖရိကတေးသွားများမှနေ၍အရာအားလုံးလွှမ်းမိုးခံထားရသည့်တေးသီချင်းဖြစ်သည်ဟုရှင်းပြသည်။ဘီယွန်စေး၏LionKing: TheGiftတေးအယ်လ်ဘမ်သစ်သည်ဇူလိုင်၁၉ရက်တွင်ထွက်ရှိမည်ဖြစ်သည်။
Spiritသီချင်းကိုဇူလိုင်၁၁ရက်တွင်ဖြန့်ချိမည်ဖြစ်ပြီးလာမည့်တေးအယ်လ်ဘမ်သစ်သည်ပုံပြင်နားထောင်ရသောအတွေ့အကြုံသစ်တစ်ခုဖြစ်မည်ဟုဘီယွန်စေးကပြောသည်။
Contactmusic