Thursday - July 11 - 2019

ပရိသတ်တွေအတွက် တစ်ကိုယ်တော်ခွေကို အရှုံးခံပြီးထုတ်တယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း

တစ်ကိုယ်တော်ခွေကိုအမှတ်တရအနေဖြင့်ဝယ်သိမ်းလိုသည့်ပရိသတ်များရှိသောကြောင့်အရှုံးခံ၍ထုတ်ခြင်းဖြစ်ကြောင်းဝိုင်းစုခိုင်သိန်းကပြောသည်။
‘‘အခုခေတ်ကအများကြီးရှုံးသွားပြီ။အရင်လိုမဟုတ်ဘူး။အရင်ရဲ့ငါးပုံပုံတစ်ပုံတောင်ရောင်းချင်မှရောင်းရတဲ့ခေတ်။ဒါတောင်ရောင်းအားအကောင်းဆုံးအခွေ။ဒါပေမဲ့အရှုံးခံပြီးထုတ်တယ်။ဝိုင်းစုကိုအားပေးတဲ့ပရိသတ်တွေအတွက်’’ဟု၎င်းကပြောသည်။
လတ်တလောတွင်တစ်ကိုယ်တော်အခွေသစ်ကိုစီစဉ်နေပြီး နှစ်ကုန်၌ ထွက်နိုင်ရန်ကြိုးစားနေကြောင်းဝိုင်းစုခိုင်သိန်းကပြောသည်။
‘‘၁၀လပိုင်း၊၁၁လပိုင်းလောက်ထွက်နိုင်အောင်ကြိုးစားနေပါတယ်။စုံတွဲပါ၊မပါတော့မပြောတတ်သေးဘူး’’ဟုလက်ရှိစီစဉ်နေသည့်အခွေနှင့်ပတ်သက်၍၎င်းကပြောသည်။
ယင်းအခွေတွင်ချစ်သူအောင်လရေးစပ်ထားသည့်သီချင်းများအပါအဝင် အရေအတွက်မသေချာသေးကြောင်း၎င်းကဆိုသည်။
‘‘သီချင်းပေါက်ရင်ပြီးရောမလုပ်ချင်ဘူး။သီချင်းကိုရေရှည်ခံစေချင်တယ်။တစ်ပုဒ်တည်းထုတ်တာကခဏပဲခံတယ်။ဝိုင်းစုထုတ်ဖူးတယ်။ပြတ်စာတစ်ပုဒ်ထုတ်ဖူးတယ်။ပရိသတ်ကကြိုက်တယ်။ဒါပေမဲ့ရေရှည်မခံဘူး’’ဟုသီချင်းတစ်ပုဒ်ချင်းဖြန့်ချိသည့်အပေါ်၎င်း၏အမြင်ကိုပြောသည်။
ထို့အပြင်အောင်လ၏တစ်ကိုယ်တော်ခွေထွက်ရှိနိုင်ရန်တွန်းအားပေးနေကြောင်း၎င်းကဆိုသည်။
‘‘သူကMusicသမားအရမ်းစစ်လွန်းအားကြီးတော့Moodမရရင်ဘာမှမလုပ်တော့ဘူး။အခုMoodဝင်တယ်၊ခဏနေရင်Moodမရှိတော့ဘူး။ဝိုင်းစုကျတော့ဒီနေ့ဒီရက်မှာထွက်မှရမယ်လို့လုပ်တဲ့သူဆိုတော့အဲဒါလေးညှိရတယ်’’ဟုဝိုင်းစုခိုင်သိန်းကပြောသည်။