Thursday - July 11 - 2019

တစ်ကိုယ်တော်အခွေထုတ်တဲ့ EXO အဖွဲ့မှ ဘိတ်ဟွန်း

EXOအဖွဲ့မှဘိတ်ဟွန်းကဇူလိုင်၁၀ရက်တွင်‘CityLight’ဟုအမည်ပေးထားသောတစ်ကိုယ်တော်အခွေကိုစတင်ရောင်းချခဲ့သည်။ယင်းမတိုင်မီဘိတ်ဟွန်းက ၎င်း၏အခွေအကြောင်းမီဒီယာများအားထုတ်ပြောခဲ့သည်။
တစ်ကိုယ်တော်အခွေထုတ်သဖြင့်ဖိအားများသော်လည်းမိမိအနေဖြင့်အခွေထွက်မည်ကိုစိတ်လှုပ်ရှားနေသည်ဟု ဘိတ်ဟွန်းကပြောသည်။
အခွေမထွက်မီအကြို မှာယူမှု၄၀၁,၅၄၅ရှိခဲ့ပြီးမိမိအနေဖြင့်အရေအတွက်ကိုအလွန်အံအားသင့်ကာမယုံနိုင်ဖြစ်ရသည်ဟုဘိတ်ဟွန်းကဆိုသည်။
EXOအဖွဲ့နှင့်အတူအက၊အလှနှင့်မိမိ၏ဆွဲဆောင်မှုကိုပြသနိုင်သော်လည်းတစ်ကိုယ်တော်အခွေတွင်မိမိ၏အသံဖြင့်ဆွဲဆောင်မှုပြသနိုင်သည်ဟုEXOပရိသတ်အချစ်တော်ကဆက်လက်ပြောသည်။
Soompi