Thursday - July 11 - 2019

စိတ်ဝင်စားနေတဲ့ ကောင်မလေး ရှိနေပြီဆိုတဲ့ ဘန်နီဖြိုး

အဆိုတော်ဘန်နီဖြိုး၏(၂၇)နှစ်ပြည့်မွေးနေ့နှင့်Karrotကအသစ်ထပ်ထုတ်သည့်BunBun With You collectionသစ်မိတ်ဆက်ပွဲကိုဇူလိုင်၉ရက်ညနေတွင်CityMall၌ပြုလုပ်သည်။
‘‘ကျွန်တော့်မွေးနေ့မှာအမှတ်တရလည်းဖြစ်အောင်နောက်ပြီးကုန်ပစ္စည်းအသစ်လည်းထုတ်တာဆိုတော့ဒီနေ့မှာလုပ်ဖြစ်သွားတာပါ။Karrotကနေတစ်ခါမှပွဲမလုပ်ဖူးပါဘူး၊ဒါပထမဆုံးလုပ်တဲ့ပွဲပါ။မွေးနေ့လည်းဖြစ်တယ်၊ကုန်ပစ္စည်းသစ်လည်းဖြစ်တယ်ဆိုတော့မှတ်မှတ်ရရဖြစ်တယ်’’ဟု၎င်းကပြောသည်။
BunBunWithYouCollec-tionတွင်ကီးချိန်းအရုပ်၊တီရှပ်၊Hoddie၊ဦးထုပ်အပြင်အိတ်ပါပါဝင်ပြီး၎င်းနှင့်သက်ဆိုင်သည့်အရာများဖြစ်၍ထုတ်ဖြစ်သည်ဟုဆိုသည်။
‘‘အဓိကကတော့အရုပ်ပေါ့၊ကီးချိန်းလေးပါ၊ဒီအရုပ်ရဲ့ပုံလေးနဲ့တီရှပ်နဲ့Hoddieထုတ်တယ်။ဦးထုပ်အဖြူနဲ့အနီထုတ်ပါတယ်။အိတ်ကတော့အမည်းရောင်ပါ။အရုပ်လုပ်မယ်ဆိုတော့ကျွန်တော့်ပုံနဲ့လုပ်မလား၊တခြားပုံနဲ့လုပ်မလားဆိုပြီးစဉ်းစားပေမယ့်ယုန်ကအဆင်ပြေလို့လုပ်ဖြစ်ခဲ့တယ်။ကိုယ်ကိုယ်တိုင်ကအရုပ်ကြိုက်လို့ထုတ်ဖြစ်တာပါ။အရင်ကတည်းကကျွန်တော်ထုတ်သမျှပစ္စည်းတိုင်းကကျွန်တော်ကြိုက်လို့ပါ’’ဟုဘန်နီဖြိုးကပြောသည်။မွေးနေ့ကို၂၀၁၄ကစတင်ပြုလုပ်ခဲ့ပြီးတစ်နှစ်တစ်မျိုးမရိုးရစေရန်ဘုန်းကြီးဝတ်ခြင်း၊ပရိသတ်များနှင့်တွေ့ဆုံခြင်း၊အခွေထုတ်ခြင်းတို့ပြုလုပ်လေ့ရှိပြီးနောက်နှစ်တွင်လည်းပရိသတ်များ၊သူငယ်ချင်းများနှင့်၎င်း၏မွေးနေ့ကိုဖြတ်သန်းလိုသည်ဟုဆိုသည်။
‘‘မွေးနေ့မှာအမှတ်တရကဘေလ်ဘုတ်တွေထောင်ထားတာတွေ့တယ်။ကျွန်တော့်လမ်းထဲမှာစတုဒိသာလာကျွေးကြပါတယ်။အလှူတွေလုပ်ကြပါတယ်။ygwမှာသွားလှူထားတဲ့ဟာလေးတွေတင်ထားကြတာတွေ့တယ်။အဲဒါတွေကသူတို့နိုင်သလောက်လေးတွေနဲ့ကျွန်တော့်မွေးနေ့ကိုအမှတ်တရလုပ်ပေးကြတာဖြစ်တဲ့အတွက်ဝမ်းသာပါတယ်။Sur-priseအကြီးကြီးတွေထက်စာရင်အဲဒါလေးတွေကပိုပြီးတန်ဖိုးရှိပါတယ်’’ဟုဘန်နီဖြိုးကပြောသည်။အသက်(၂၇)ပြည့်သော်လည်းချစ်သူမရှိသေးသည့်အပြင်လက်ရှိတွင်စိတ်ဝင်စားနေသည့်ကောင်မလေးရှိကြောင်း၎င်းကပြောသည်။