Thursday - July 11 - 2019

ရင်ကိုနွေးထွေးစေသော ပုံရိပ်လေးများ

ကျွန်မတို့တွေဖျားနာတဲ့အခါ မိဘတွေ၊ သားသမီးတွေက ပြုစုယုယပေးပါတယ်။ တိရစ္ဆာန်လေးတွေဖျားနာတဲ့အချိန်မှာရော သူတို့အတွက် ဒီလိုပြုစုပေးမယ့်သူရှိရဲ့လား။
ပိုလန်ကRedemenesa ဆိုတဲ့ကြောင်နက်လေးဟာ စွန့်ပစ်ခံရပြီး တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကို အသက်(၂)နှစ်အရွယ်မှာရောက်ရှိခဲ့တာပါ။ ဒီတိရစ္ဆာန်စောင့်ရှောက်ရေးနဲ့ဆေးကုခန်းမှာ နာမကျန်းဖြစ်နေတဲ့ကြောင်လေးတွေအတွက် Redemenesa က သူနာပြုတစ်ယောက်အဖြစ် လုပ်ကိုင်ပေးနေပါတယ်တဲ့။ နာမကျန်းဖြစ်နေတဲ့ ကြောင်လေးတွေ၊ ခွေးလေးတွေနားမှာ တူတူနေပေးနေတာ၊ အိပ်ပြီးစောင့်ပေးရင်း သူ့ရဲ့နွေးထွေးမှုကိုပေးတက်ပါတယ်။ ကြောင်နက်လေးရဲ့ ဓာတ်ပုံတွေကြောင့် ဆေးပေးခန်းမှာ စပါယ်ရှယ်သူနာပြုတစ်ယောက်အဖြစ် ပိုပိုနာမည်ကြီးလို့လာပါတယ်။ တိရစ္ဆာန်ဆိုပေမယ့် လူတွေလိုပဲ တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီပေးနေလိုက်တာများ ကြည့်လိုက်ပါဦး ပုံလေးတွေကို