Tuesday - October 01 - 2019

ဂီတကို ထင်ပေါ်ကျော်ကြားမှုနဲ့ ငွေကြေးရဖို့ မဖန်တီးသင့်ဘူးပြောတဲ့ စနု(ပ်)ဒေါ့ဂ်

အကျော်ဇေယျရက်ပ်ပါစနု(ပ်)ဒေါ့ဂ်ကဂီတကိုငွေကြေး(သို့မဟုတ်)နာမည်ကျော်ကြားရန်လုံးဝမဖန်တီးသင့်ဟုပြောကြားသည်။


အသက်(၄၇)နှစ်အရွယ်ရက်ပ်ကြယ်ပွင့်စနု(ပ်)ဒေါဂ့်သည်ကမ္ဘာ့ရောင်းအားအကောင်းဆုံးဂီတပညာရှင်များအနက်တစ်ဦးဖြစ်သော်လည်းတေးအယ်လ်ဘမ်စံချိန်တင်ရောင်းချရမှုများကိုဂရုမစိုက်ဘဲခံစားချက်ဖြင့်ဂီတကိုဖန်တီးနေသည်ဟုပြောကြားသည်။


အခွေရှစ်သောင်း၊တစ်သိန်းရောင်းရသည်လိုမိမိအနေဖြင့်ဂရုမစိုက်ကြောင်းနှင့်ခံစားချက်ဖြင့်ဂီတကိုဖန်တီးနေခြင်းမဟုတ်ပါကမှားယွင်းကြောင်းငွေကြေး(သို့မဟုတ်)နာမည်ကြီးရန်ဂီတကိုလုံးဝမလုပ်သင့်ကြောင်းစနု(ပ်)ဒေါဂ့်ကပြောသည်။


ဂီတကိုဖန်တီးရာမှဖြစ်ပေါ်လာသောကောင်းမွန်သည့်ခံစားချက်ပုံစံကိုချစ်မြတ်နိုးသဖြင့်ဂီတဖန်တီးနေခြင်းဖြစ်သည်ဟုလည်းစနု(ပ်)ဒေါဂ့်ကပြောသည်။


Contactmusic