Thursday - October 03 - 2019

ခေတ်သစ်အင်တာဗျူးဖြေနည်း

လုပ်ငန်းအင်တာဗျူးဖြေဆိုကြမယ့် ခေတ်သစ်လူငယ်တွေအတွက် ပြောင်းလဲလာတဲ့ ရေစီးကြောင်းတစ်ခုကို မျှဝေပေးချင်တယ်။ တကယ်တော့ လူငယ်တွေအတွက်တင်မဟုတ်ပါဘူး၊ လုပ်ငန်းသစ်ပြောင်းလဲလုပ်ကိုင်မယ့် သူတွေအတွက်ကို ပြောင်းလဲသင့်တာလေးတွေကို ဆွေးနွေးကြည့်ကျရအောင်
(၁) JD သေချာသိအောင်လုပ်ပါ။ လုပ်ငန်းအတွေ့အကြုံရှိပြီးသားဆိုရင်တော့ ဘာကြောင့်ပြောလဲဆိုတာသိမှာပါ။အကြောင်းရင်းက ခုခတ်ကုမ္ပဏီတွေတချို့က Job Description လုပ်ငန်းတာဝန်သတ်မှတ်ချက်ကိုသေချာမပြောပဲ ကြုံရင်ကြုံသလို ခိုင်းတက်လို့ ကိုယ့်ရဲ့career ကိုစမ်းတဝါးဝါးနဲ့လျှောက်လှမ်းရတာမျိုးဖြစ်တက်လို့ပါ။ ဒါကြောင့် အင်တာဗျူးဖြေတော့မယ်ဆိုရင် ကိုယ်ဘာလုပ်ရမှာလဲ ကိုယ့်တာဝန်ကဘာလဲ သေချာသိအောင်လုပ်ပြီးမှအလုပ်ရွေးချယ်ဖို့ ဆန္ဒပြုပါရစေ။
(၂) ပွင့်လင်းမြင်သာမှုရှိပါစေ။ ဒီအဓိပ္ပါယ်က နှစ်ဉီးနှစ်ဖက်စလုံးပေါ်မူတည်ပါတယ်။ ကိုယ့်ဘက်ကလည်း လုပ်နိုင်တဲ့ပမာဏကိုပွင့်ပွင့်လင်းလင်းပြောပါ။ မလုပ်နိုင်ရင် မလုပ်နိုင်ကြောင်းပြောပိုင်ခွင့်ရှိပါတယ်။ ကုမ္ပဏီဘက်ကိုလည်း ပြန်မေးပါ။ သိချင်တာမှန်သမျှမေးပိုင်ခွင့်ကိုယ့်မှာရှိပါတယ်။
(၃) လစာကိစ္စ။ ကိုယ်ရဲ့ကြိုးစားအားထုတ်မှုတိုင်းအတွက် ရပိုင်ခွင့်ဆိုတာ ရှိပါတယ်။ လစာကိစ္စပြောတိုင်းကြောက်သလိုလို မပြောရဲသလိုလို မဖြစ်ပါနဲ့၊ တိကျတဲ့ပမာဏတစ်ခုကိုပြောပါ။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်သတ်မှတ်ချထားပါ။
(၄)ကိုယ့်ထက်နောက်ကျမှရောက်လာတဲ့ အင်တာဗျူးမျိုးဆို။ အခုခေတ်မှာ အင်တာဗျုးချိန်းထားပြီး ကုမ္ပဏီဘက်က မေးမယ့်သူက တစ်နာရီနီးပါးလောက်နောက်ကျမှရောက်လာတာမျိုး၊ မေးနေတဲ့အချိန်မှာလည်း ဖုန်းကြည့်လိုက် mail စစ်လိုက် အလုပ်ရှုပ်နေတာမျိုးဆို သေချာပါတယ်။ အရမ်းအလုပ်ရှုပ်ပြီး ဖိအားများတဲ့ ကုမ္ပဏီတစ်ခုဆိုတာ….
(၅)မိသားစုလို ကုမ္ပဏီ Family type ဆိုတာနဲ့ တာတာ့ပြပါ။ အလုပ်မှာ Family type ဆိုတဲ့အတိုင်း ကိစ္စအားလုံးဟာ မိသားစုတွေလို ပဲလို့တော့မထင်ပါနဲ့။ အကောင်းအကျိုး အဆိုးအပေါင်းအားလုံးကို လက်ခံနိုင်မှ စဉ်းစားပါ၊ Professional ဆန်တဲ့ကုမ္ပဏီတွေမှာ Family type ဆိုတာထက်ဝန်ထမ်းတွေရဲ့ တိုးတက်မှုကိုသာပို အလေးထားပါတယ်။
အလုပ်စဝင်တဲ့ လူငယ်တွေအတွက် စစချင်းရလာတဲ့အခွင့်အရေးက တန်ဖိုးရှိတာမှန်ပေမယ့် အလောတကြီး ရတဲ့အလုပ်ကိုဝင်လုပ်လိုက်တာမျိုး မဖြစ်စေချင်ပါဘူး။ ဒါက ဘဝတစ်လျှောက်လုံးအတွက် career ဖြစ်သွားနိုင်လို့ ကိုယ့်တကယ်လုပ်ချင်တဲ့ လမ်းကြောင်းကိုပဲရွေးချယ်လျှောက်လှမ်းဖို့ဆန္ဒပြုပါရစေ