Wednesday - October 09 - 2019

တက်တူးဖျက်ဖို့ ထောပတ်ခြစ်တံသုံးခဲ့သူ

ကိုယ့်အသားပေါ်မှာ အနာခံပြီးဆွဲထားတဲ့ တက်တူးကို ပြန်ဖျက်ပစ်ဖို့ဆိုတာ တော်တော်လေးစဉ်းစားယူရမှာပါ။ ဒါပေမယ့် အာဂျင်တီးနားနိုင်ငံက လူငယ်တစ်ဦးက တစ်ပတ်တောင်မပြည့်သေးတဲ့ သူ့ရဲ့တက်တူးအသစ်ကို Cheese ခဲခြစ်ရာမှာသုံးတဲ့ ခြစ်တံနဲ့ တက်တူးကိုပျောက်သွားအောင်လုပ်ခဲ့ပါတယ်။ ဖျက်ရတဲ့အကြောင်းကလည်း လူငယ်က လေယာဉ်ရဲဝန်ထမ်းတစ်ယောက်အဖြစ်လုပ်ငန်းခွင်ဝင်ခွင့်တင်ထားကြောင့်အပါအဝင် မတူကွဲပြားတဲ့နည်းလမ်းကိုသုံးပြီး နာမည်ကြီးလိုသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့တက်တူးကို ဖျက်ဖို့ youtube ကိုသုံးပြီး နည်းလမ်းအမျိုးမျိုးသုံးခဲ့ရာက ထောပတ်ခဲခြစ်တံကိုသုံးခဲ့ပါတယ်။ အရေပြားကိုခြစ်ရတဲ့အတွက် အသားလည်းနာသလို မေးခိုင်ရောဂါအထိပါရခဲ့ပါတယ်။သူ့ရဲ့ဆုံးဖြတ်ချက်ကို နောင်တရခဲ့သလို ဘယ်သူကိုမှလည်း ဒီလိုလုပ်ဖို့မှတ်ချက်မပြုခဲ့ပါဘူး။ သူ့ရဲ့ တက်တူးဖျက်ရာကကျန်ခဲ့တဲ့ အမာရွတ်ကိုပြထားတဲ့ ဗီဒီယိုဖိုင်အောက်မှာတော့ တက်တူးဝါသနာရှင်တွေက တော့ ဒီလိုမှတ််ချက်ပေးကြပါတယ်။ လေဆာကိုသုံးပြီးဖျက်လိုက်ရင် နာကျင်မှုက သိပ်မရှိသလို အမာရွတ်လည်းကျန်မှာမဟုတ်ပါဘူး။