Wednesday - October 16 - 2019

အထိန်းဘုရင်လေး Harlso

ဒီခွေးလေးကို ချစ်စနိုးနဲ့ Harlso အထိန်းဘုရင်လေးလို့ခေါ်ကြပါတယ်။ ဒီနာမည်ပေးရတဲ့အကြောင်းက သူ့ခေါင်းပေါ်ကိုဘာလေးပဲတင်ပေးလိုက် တင်ပေးလိုက် ကျောက်ရုပ်ကလေးလိုငြိမ်ပြီး ထိန်းထားနိုင်လို့ပါ။ အသက်(၄)နှစ်ရှိလို့နေတဲ့ Harlso လေးက ငယ်ငယ်ကဆိုသူ့ခေါင်းကိုတောင်မနိုင်လို့ ပိုင်ရှင်တွေက ရောဂါဖြစ်နေမှာကိုစိုးရိမ်ကြပါတယ်။ ဒါပေမယ့် တစ်နေ့တော့ ခေါင်းပေါ်ကိုရေခွက်လေးတင်ပေးရင်း ငြိမ်နေတဲ့ Harlso ရဲ့မထင်ထားတဲ့ စွမ်းရည်ကိုတွေ့ရှိခဲ့ပါတယ်။ အဲ့လိုကနေ တစ်ဖြည်းဖြည်း အရုပ်ကလေးတွေ၊ မုန့်ကလေးတွေကစလို့ ပစ္စည်းခပ်ကြီးကြီးလေးတွေကိုနဲ့ လေ့ကျင့်ပေးရင်း အခုဆိုရင် နာမည်ကြီးခွေးလေးအဖြစ်ထင်ရှားလာပါပြီ။သူ့ကိုတွေ့ချင်တဲ့ fanတွေတောင်ရှိလာပြီလို့ပိုင်ရှင်လင်မယားကပြောပါတယ်။Harlsoရဲ့ကျော်ကြားမှုကတော့ The Morning Show အစီအစဉ်မှာတောင် ဖိတ်ကြားခြင်းခံနေရပါတယ်။