Thursday - October 17 - 2019

မျက်ရစ်ဖော်မယ့် မမ များ သတိထား

အာရှနိုင်ငံရဲ့အမျိုးသမီး၅၀ရာခိုင်နူန်းလောက်မှာ မျက်ရစ်မရှိတက်လို့ မျက်ရစ်ဖော်ခြင်းအလှအပဆိုင်ရာကုထုံးဟာ နာမည်ကြီးလို့လာပါတယ်။ ဒီထဲမှာတော့ လီဆိုတဲ့တရုတ်အမျိုးသမီးတစ်ယောက်ကတော့ သူမရဲ့မှေးနေတဲ့ မျက်ခုံးကို မျက်ရစ်လှလှလေးဖော်နိုင်ခဲ့ပေမယ့် ပြသာနာက မျက်လုံးအပြည့်ပြန်ပိတ်လို့မရတာပါတဲ့။ ဒေါ်လာ၁၈၅၀တန် မျက်ရစ်ကုထုံးကြောင့် အိပ်ရင်တောင် မျက်လုံးအပြည့်မပိတ်နိုင်ခဲ့ပါဘူး။ ဒီလိုအခြေအနေမျိုးက မျက်ရစ်ဖော်ထားတဲ့ သူတွေမှာဖြစ်နိုင်ချေအနည်းဆုံးပါ။ပထမတစ်ကြိမ်မျက်ရစ်ဖော်အပြီး စိတ်တိုင်းမကျခဲ့လို့ ဆေးခန်းကို နောက်တစ်ကြိမ်ကုသပေးဖို့တောင်းဆိုခဲ့ပါတယ်။ နောက်တစ်ကြိမ်ခွဲစိတ်မှုက မျက်ရစ်ပိုကြီးခဲ့ပေမယ့် မျက်လုံးအပြည့်ပြန်ပိတ်လို့မရတော့ လီတစ်ယောက်ဒုက္ခတွေရောက်ခဲ့ပါတယ်။ ခွဲစိတ်ဆရာဝန်ရဲ့ပြောကြားချက်အရ လီရဲ့ပြသာနာက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အတိုင်းဖြစ်လို့ စိတ်ပူစရာမလိုကြောင်းပြောကြားခဲ့သလို ပထမမျက်ရစ်သေသေချာချာကောင်းသွားရင် မျက်လုံးတွေပြန်ပိတ်နိုင်မှာပါလို့ဖြေကြားထားပါတယ်။