Monday - October 21 - 2019

3D နဲ့ထုတ်ထားတဲ့ အာကာသအသား

အာကာသထဲမှာ ဘယ်တိရစ္ဆာန်ကိုမှမသတ်ပဲ 3D နည်းပညာသုံးပြီး အသားတွေစားနိုင်တော့မယ်လို့ စဉ်းစားဖူးလား?
ကမ္ဘာမြေကြီးပေါ်မှာ နေထိုင်ခွင့်မရှိတော့ပဲ တခြားဂြိုလ်တွေပေါ်များရောက်သွားခဲ့ရင် အသားဘာကာတွေ၊အသားတွေဘယ်လိုစားကြမလဲ
ကိုယ်တွေမစဉ်းစားပေမယ့် ရုရှားအာကာသသိပ္ပံပညာရှင် Oleg Skriphchka ကတော့ စဉ်းစားရင်းတွေးရင်း လုပ်လာလိုက်တာ အာကာသပေါ်မှာတိရစ္ဆာန်လေးတွေကို မသတ်ပဲ အသားစားနိုင်မယ့်နည်းပညာအတွက် လက်တစ်ကမ်းအလိုသာလိုပါတော့တယ်။ အရင်တုန်းက အာကာသလေယာဉ်ပေါ်မှာ အစားအစာတွေကို သီးသန့်ထုတ်ပိုးထားတဲ့ အစာထုတ်တွေကိုသာတင်ဆောင်ရပေမယ့်အခုဆိုရင် တိရစ္ဆာန်တွေရဲ့ ဆဲလ်ကိုသိမ်းထားရုံနဲ့ 3D printer ကနေတဆင့် အဲ့ဒီအသားနဲ့တစ်ထပ်တည်းပုံစံတူအရသာကိုသာ မြည်းစမ်းနိုင်မှာဖြစ်ပါတယ်။ ဆဲလ်ပေါင်းစပ်မှုကနေတဆင့် အသားအလွှာတစ်လွှာချင်းစီကို ထုတ်ပေးနိုင်တဲ့စနစ်ကို အသုံးပြုထားပါတယ်။ ဒီစနစ်ကြောင့် နောင်လာမယ့် အာကာသယာဉ်တွေပေါ်မှာ အပင်တွေနဲ့အသားတွေကို လွယ်လွယ်ကူကူတင်ဆောင်နိုင်မှာဖြစ်ပါတယ်။