Thursday - October 31 - 2019

ဂါနာပြည်နယ်က အိမ်မက်ခေါင်းတလား

သေခြင်းတရားဆိုတာ လူတိုင်းမလွန်ဆန်နိုင်တဲ့သဘာဝတရားတစ်ခုပါ။ နောက်ဆုံးခရီးအတွက် ဂါနာရဲ့ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာတွေအရ စိတ်ချမ်းသာစွာဘဝကူးပြောင်းကောင်းစေဖို့ သေဆုံးသူစိတ်တိုင်းကျစီမံဆောင်ရွက်ပေးရပါတယ်။ ဂါနာဘာသာအရ အိမ်မက်အခေါင်းလို့အဓိပါ္ပယ်ရတဲ့ အခေါင်းပုံစံသစ်ကို Kwei ဆိုတဲ့လူကစတင်ဖန်တီးခဲ့တာပါ။ ဆရာမသေဆုံးခင်က သူမရဲ့အိမ်မက်ဖြစ်ခဲ့တဲ့ လေယာဉ်မှူးအိမ်မက်အတိုင်း အခေါင်းကိုလည်း လေယာဉ်ပုံစံပြုပြင်ပေးရာကနေ အိမ်မက်အခေါင်းလုပ်ငန်းကိုစတင်ဖို့လမ်းစပြုခဲ့တာပါ။အခုဆိုရင် ခြင်္သေ့ပုံစံ၊ ငါးပုံစံ၊ လေယာဉ်ပုံစံနဲ့ ကြိုက်နှစ်သက်ရာပုံစံမျိုးကို ကန့်သတ်အရေအတွက်နဲ့ပြုလုပ်ပေးနေရပါပြီ။ ဈေးသက်သာပြီး အလေးချိန်ပေါ့ပါးတဲ့ခေါင်းတလားတွေကြောင့် အာဖရိကမှာတော့တဖြည်းဖြည်းနာမည်ရလို့နေပါပြီ။ အနည်းဆုံးဒေါ်လာ(၃)ထောင်တန်ကနေ(၉ထောင်)အထိ ဒီဇိုင်းပေါ်မူတည်ပြီးရောင်းအားရှိပါတယ်။