Thursday - October 31 - 2019

စကားဝှက်ပြောင်းလဲခြင်း

ဒီတစ်ပတ် စကားဝှက်လို့ခေါ်တဲ့ Password ပြောင်းနည်းတွေအကြောင်းဆွေးနွေးရအောင်။ စကားဝှက်တွေကိုများသောအားဖြင့်တစ်စုံတစ်ယောက်ကနေ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ပတ်သတ်ပြီး အလွယ်တကူနဲ့ရှာဖွေလို့မရအောင် အဟန့်အတားတစ်ခုအနေနဲ့အသုံးပြုကြပါတယ်။စကားဝှက်တွေသုံးတဲ့အခါ တစ်ချို့ကမှတ်မိလွယ်တဲ့ ဂဏန်းတွေ၊ စကားစုလေးတွေထားတက်ကြပါတယ်။ များသောအားဖြင့် စကားဝှက်တွေထားတဲ့နေရာမှာ စကားစုနဲ့ဂဏန်းတွေကိုရောနှောပြီးထားတာ၊ တခြားသင်္ကေတတွေရောနှောထားခြင်းက ပိုပြီးလုံခြုံမှုရှိစေပါတယ်။
Facebook Password ပြောင်းနည်း - စကားဝှက်ပြောင်းတဲ့အခါ ကွန်ပြူတာထဲကနေဝင်ပြင်တာတော့ ပိုပြီးကောင်းတဲ့နည်းပါ။ဖုန်းထဲကနေပြောင်းမယ်ဆိုရင် ကိုယ့်အကောင့်ထဲဝင်မယ် Menuထဲက Settings & Privacyထဲကိုဝင်ပေးပါ။ ပြီးရင် Privacy Shortcuts tab ထဲမှာ Change Password ကို‌တွေ့ပါမယ်။ လက်ရှိ စကားဝှက်ကိုရိုက်ထည့်ပါ။ ပြီးရင် ကိုယ်အသစ်လုပ်မယ့် စကားဝှက်အတွက် မှတ်မိနိုင်မယ့် စကားစုနဲ့ ဂဏန်းကိုရောပြီး(eg. 12@#1992%01) လို့ပေးထားရင် ပိုပြီးကောင်းပါတယ်။ အကောင်းဆုံးကတော့ တစ်လတစ်ကြိမ်လောက်ပြောင်းပေးတာအကောင်းဆုံး အလုံခြုံဆုံးပါ။Gmail အသုံးပြုတယ်ဆိုရင် ကိုယ့်ရဲ့ facebook account ကိုတစ်ခါတည်း ချိတ်ဆက်ထားပေးပါ။
ဒီလိုချိတ်ဆက်လိုက်တဲ့အခါ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ facebook account (or)email accountကို တစ်ယောက်ယောက်က ဖွင့်နေပြီဆိုရင် mail က‌နေတဆင့်အကြောင်းကြားလာလို့ track ပြန်လိုက်ရလွယ်ပါတယ်။ တစ်ခြား ဂဏန်းတွေပဲဗျောက်သောက်ထားနေတာထက် ကျစ်ကျစ်လစ်လစ်နဲ့မှတ်မိလွယ်တဲ့ စကားဝှက်ပုံံစံမျိုးကိုထားစေချင်ပါတယ်။ ဖုန်းထဲကမဟုတ်ပဲ broswer က‌နေဖြစ်ဖြစ် တခြားဖုန်းတစ်လုံးကနေဖြစ်ဖြစ် ကိုယ့်ရဲ့အကောင့်ကိုဝင်လိုက်ပြီဆိုရင်လည်း log out ပြန်ထွက်ခဲ့ဖို့ မမေ့ပါနဲ့။