Friday - November 01 - 2019

အမွေးမရှိသောကြောင်ကြီးများ

ကိုယ်တုံးလုံးကြောင်ကြီး??အမွေးမရှိတဲ့ကြောင်ကြီး???
ဒီလိုနာမည်အမျိုးမျိုးနဲ့ခေါ်ကြတဲ့ Sphynx (စနပ်စ်) ဆိုတဲ့ ကနေဒါကြောင်တွေရဲ့သမိုင်းက ၁၉၆၀ခုနှစ်က စတင်ခဲ့တာပါ။ သာမန်ကြောင်တွေလို အမွေးတွေအစား အရေပြားတွန့်တွန့်ကြီးတွေနဲ့ မျက်နှာခပ်ဆိုးဆိုးရှိပေမယ့် ဒီပုံစံကြီးကပဲချစ်ဖို့ကောင်းတဲ့အပြင် သခင်တွေအပေါ်မှာရော၊ သူစိမ်းတွေနဲ့တွေ့တာတောင် ပွတ်သီးပွတ်သပ်နေတက်တဲ့အကျင့်တွေရှိတက်ကြပါတယ်။ ကနေဒါကြောင်ကြီးတွေရဲ့ တကယ့်မူရင်းဇစ်မြစ်က ရုရှားဘက်ကဆင်းသက်လာတယ်လို့သိထားကြပေမယ့် ၁၉၇၀နောက်ပိုင်း ဥရောပဘက်မှာ စတင်ခေတ်စားလာခဲ့တာဖြစ်ပါတယ်။ ၁၉၇၀ခုနှစ်မှာ မင်းသမီး အယ်လီဇဘက်ရဲ့ကြောင်မျိုးစိတ်တွေထဲက မွေးဖွားလာခဲ့တဲ့ အမွေးမရှိတဲ့ကြောက်ပေါက်ကလေးတွေက ကနေဒါကြောင်မျိုးစေ့ Sphynx ဖြစ်တည်လာတာပါ။
ဒီတော့ သူတို့ရဲ့တွန့်တွန့်ခေါက်ခေါက်အရေပြားကြီးတွေအကြောင်းပြောရရင် တခြားအမွေးပါတဲ့ကြောင်တွေလိုပဲ အနွေးဓာတ်ကို အဲ့ဒီအရေပြားကြီးက နွေးထွေးမှုပေးပါတယ်။ ဒါပေမယ့် လူတွေရဲ့အသားအရေနဲ့တူတဲ့ အရေပြားကြောင့် နေလောင်တာ၊ အသားအရေပျက်စီးတာမျိုးဖြစ်တက်လို့ တစ်ပတ်တစ်ကြိမ်ရေချိုးပေးတာ၊ body oil လိမ်းပေးတာ မျိုးလုပ်ပေးရပါတယ်။အပြင်ကိုလျှောက်သွားတက်တဲ့ကြောင်ကြီးတွေလည်းမဟုတ်ပါဘူး။ ကြောင်ကြီးတွေရဲ့ ကိုယ်အပူချိန်ပေါ်မူတည်ပြီး ရာသီဥတုအကူးအပြောင်းတွေမှာ နွေးနွေးထွေးထွေးဖြစ်အောင်လုပ်ပေးဖို့လိုအပ်ပါတယ်။
အစားအသောက်နေရာမှာလည်း ထူးခြားတဲ့အစာခြေစနစ်ရှိလို့ တခြားကြောင်တွေလို အစာပေါင်းစုံစားလေ့မရှိပါဘူး။ အဓိကအစားအစာအဖြစ် အသား၊ငါးကိုသာစားလေ့ရှိပါတယ်။တချို့ကြောင်တွေဆို ပင်လယ်စာတွေနဲ့ဓာတ်မတည့်တာရှိတက်ပါတယ်။
ဉာဏ်ကြီးသလို ပျော်ပျော်နေတက်တဲ့ကြောင်ကြီးတွေပါ။