Tuesday - November 05 - 2019

မိကျောင်းမျက်လုံးကိုနှိုက်ထုတ်ခဲ့တဲ့ အာဂမိန်းကလေး

သူငယ်ချင်းဖြစ်သူကို ကယ်တင်ဖို့ မိကျောင်းမျက်လုံးကိုနှိုက်ထုတ်ဖို့ကြိုးစားခဲ့တဲ့ အသက်(၁၁)နှစ်အတွက် ရေဗက္ကာကတော့ သူရဲကောင်းတစ်ယောက်အဖြစ်တင်မြှောက်ခံလိုက်ရပါပြီ။ ဖြစ်စဉ်အရသူငယ်ချင်းဖြစ်သူနဲ့အတူရေကူးဖို့သွားရင်း မိကျောင်းဆွဲခံနေရတဲ့သူငယ်ချင်းကို ကူညီခဲ့တာပါ။ ရေကူးနေရင်း ရုတ်တရက်ပေါ်လာတဲ့ မိကျောင်းက သူငယ်ချင်းဖြစ်သူရဲ့ လက်နဲ့ခြေထောက်ကိုခဲရင်း ရေထဲကိုတရွတ်တိုက်ဆွဲသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာရေဗက္ကာက မိချောင်းနောက်လိုက်ပြီး အရင်ဆုံး လက်သီးနဲ့ထိုးခဲ့ပေမယ့် မာလွန်းလှတဲ့ မိကျောင်းအရေခွံကြောင့် သိပ်တော့အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့ ကြံရမရတဲ့အဆုံး မိကျောင်းရဲ့မျက်လုံးကို နှိုက်ထုတ်ပစ်ခဲ့ရာကနေ ကံကောင်းထောက်မစွာပဲ မိကျောင်းက သူငယ်ချင်းဖြစ်သူကို လွှတ်လိုက်ပြီး ချောင်းရဲ့တစ်ဖက်ကမ်းကို ကူးသွားခဲ့ပါတယ်။ ရေဗက္ကာရဲ့ကျေးဇူးကြောင့် သူငယ်ချင်းဖြစ်သူ မူဝါနီကတော့ အသက်ဘေးကလွတ်မြောက်ခဲ့ပေမယ့် မိကျောင်းကိုက်ခံရတဲ့ဓံကြောင့် ဆေးကုသမှုခံယူခဲ့ရပါတယ်။
ပြည်တွင်းရဲတပ်ဖွဲ့ကတော့ မိကျောင်းကိုက်ခံရမှုကိုအတည်ပြုထားပြီး နောက်ထပ်အလားတူဖြစ်ရပ်မျိုးဖြစ်လာမှာကို စိတ်ပူနေကြပါတယ်။