Wednesday - November 13 - 2019

Black ဆိုမှာ တကယ့်Black Coffee

Black coffee ဆိုတဲ့အတိုင်း Topping ကအစအမည်းရောင်ခရင်အရသာကို နယူးယော့ခ်မြို့ရဲ့ Round K ကော်ဖီဆိုင်မှာမြည်းစမ်းနိုင်ပါပြီ။ များသောအားဖြင့် black coffee လို့ပြောလိုက်တာနဲ့ no sugar no cream ပါ။ ထူးခြားတာက round K ကော်ဖီဆိုင်ကနေ ပုံစံသစ်ပြောင်းထားတဲ့ black coffee မှာတော့ ကော်ဖီအစား သောက်လို့စိတ်ချရတဲ့ မီးသွေးမှုန့်ကိုအသုံးပြုထားပါတယ်။ ဒီBlack coffee မှာ မီးသွေးမှုန့်၊ အုန်းသီးပြာကိုအဓိကအသုံးပြုထားပြီး အုန်းသီးပြာကတော့ ဖျော်ရည်ကိုမည်းစေရုံသာမက အရသာဆိမ့်ဆိမ့်လေးကိုလည်းပေးပါတယ်။ဖျော်ရည်အတွက် topping ကိုတော့ အုန်းသီးပြာကိုပဲအသုံးပြုပြီး ဗာဒီ့စေ့၊ နွားနို့တို့ကိုရောပြီး ခပ်ပျစ်ပျစ်ခရင်ပုံစံရအောင်ပြုလုပ်ထားပါတယ်။
ဒီဖျော်ရည်ကိုစပြီးမိတ်ဆက်ပေးခဲ့တာက ၂၀၁၇ဝန်းကျင်လောက်ကဖြစ်ပြီး ခုနောက်ပိုင်းပိုပြီးခေတ်စားလာခဲ့တာပါ။ ဆိုင်ကိုလာတဲ့ဧည့်သည်တွေကတော့ Black coffee လို့ပြောလိုက်ရင် ဒီလောက်ထိ မည်းနက်နေတဲ့ဖျော်ရည်ဖြစ်လာဖို့ မမျှော်လင့်ထားသလို အရသာပိုင်းကိုလည်း သဘောကျနှစ်ခြိုက်ကြပါတယ်။ နယူးယောက်မြို့မှာတော့Round K နဲ့ပုံစံတူBlack coffee ဆိုပြီးတုပရောင်းချကြပေမယ့် ဆိုင်ရှင်ကတော့ ကိစ္စမရှိပါဘူးတဲ့။ ဘာလို့လဲဆိုတော့ Black coffeeတွေများနေရင်တောင် မူလအရသာကို Round Kမှာပဲလာရောက်မြည်းနိုင်မှာမို့လို့ပါတဲ့။ Black coffee တစ်ခွက်ကို ၆.၅၀ဒေါ်လာနဲ့မြည်းစမ်းနိုင်ပါတယ်။