Thursday - November 14 - 2019

ပထမဦးဆုံးFirst Dateမှာ မသိလိုက်ပဲမှားတက်တဲ့ အမှားကြီးများ

ကိုယ့်ရဲ့ပထမဦးဆုံးနဲ့ရင်ခုန်ရဆုံး First Dateလေးမှာ ကောင်မလေးရော၊ ကောင်လေးဘက်ကရော ဒီလိုအမှားလေးတွေမဖြစ်အောင် သတိထားစေချင်ပါတယ်။
ကိုယ့်အကြောင်းတွေကိုပဲတောက်လျှောက်ပြောနေတာ။ First Date ဆိုတဲ့နေရာမှာ သူ့အကြောင်း ကိုယ့်အကြောင်းသိအောင် စကားပြောကြတာမှန်ပေမယ့် ကိုယ့်အကြောင်းကိုပဲ တောက်လျှောက်ကြီးပြောနေတာမျိုးမလုပ်မိပါနဲ့။ ပထမရက်မှာတင် စိတ်ကုန်သွားအောင်မလုပ်လိုက်ပါနဲ့
ဖုန်းပွတ်မလို့လား First Dateမှာလေ။ စကားပြောနေရင်းစကားပြောတာမျိုးက လက်ခံလို့ရပေမယ့် messenger တစ်ဒေါင်ဒေါင်နဲ့ ဖုန်းကိုပဲအာရုံစိုက်နေတာ၊ ဖုန်းခဏခဏကြည့်နေတာကတော့ ရိုင်းတယ်လို့ထင်ပါတယ်။
Dating ကို Interviewနဲ့မှားနေသူတွေ။ အင်တာဗျူးမေးသလို တစ်ခုပြီးတစ်ခု ဆိုင်တာရော၊ မဆိုင်တာတွေပါ လိုက်မေးနေတာမျိုးလုပ်မိသေးလား။ဒီလိုမေးခွန်းတွေပေါ့။ ခရီးသွားရင် ဘာတွေလုပ်လေ့ရှိလဲ။ သူငယ်ချင်းတွေနဲ့အဆင်မပြေရင် ဘာလုပ်လည်း။ စိတ်ဝင်စားဖို့မကောင်းတဲ့မေးခွန်းတွေပေါ့... ခွက်နဲ့မရိုက်သွားရင် ကံကောင်းနော်။
ကိစ္စတစ်ခုအဆင်မပြေတာနဲ့ အားလုံကိုပတ်မရမ်းပါနဲ့။ ဖြစ်ခဲပါတယ်။အပြင်မှာအဆင်မပြေတာနဲ့ ကိုယ့်ရဲ့ First date မှာစိတ်ညစ်နေတာမျိုး၊ တခြားသူရဲ့မကောင်းကြောင်းကို ပြန်ပြောတာမျိုးတွေမလုပ်ပါနဲ့။
ဆိုင်ကဝန်ထမ်းတွေကို ရိုင်းရိုင်းစိုင်းစိုင်းမဆက်ဆံပါနဲ့။ First impression ကောင်းဖို့ဆိုတာအရမ်းအရေးကြီးပါတယ်။ ကိုယ့်ရဲ့ ပါတနာပေါ်မှာ ကောင်းသလောက် စားသောက်ဆိုင်က ဝန်ထမ်းတွေကို ရိုင်းရိုင်းစိုင်းစိုင်းခေါ်တာမျိုး၊ မတူမတန်သလို ဆက်ဆံတာမျိုး မလုပ်မိပါစေနဲ့။