Friday - November 15 - 2019

အိပ်ယာပေါ်မှာ အစားအသောက်တွေစားမိတဲ့အခါ

အိပ်ယာပေါ်မှာ အစားအသောက်တွေထားမိလို့ တရုတ်အမျိုးတစ်ဦးကတော့ သူ့နားထဲကနေ ပိုးဟပ်မိသားစုတစ်စုလုံး ထုတ်ပစ်လိုက်ရပါတယ်။ Mr.Lလို့ခေါ်တဲ့ တရုတ်အမျိုးသားဟာ သူ့နားထဲကနေ မခံနိုင်အောင် ယားယံခြင်းနဲ့တစ်ခုခုက ကုပ်နေသလို ခံစားနေရလို့ ဆေးရုံကိုသွားပြခဲ့ပါတယ်။ ဆေးရုံရောက်လို့ ဆရာဝန်စမ်းသပ်ချိန်မှာတော့ နားထဲမှာ ပိုးဟောင်သားပေါက်လေးတွေ၊ သားဥတွေနဲ့ ပိုးဟပ်အကောင်ကြီးတွေကို ထိတ်လန့်တကြားတွေ့ခဲ့ရပါတယ်။ ဒီလိုနား ယားယံခြင်းကိုခံစားနေရတာ တော်တော်ကြာနေပေမယ့် နားထဲကို ပိုးဟပ်မိသားစုတစ်ခုလုံးဝင်နေမယ်လို့တော့ Mr.L သိပုံမပေါ်လောက်ပါဘူး။ ဆေးရုံကနေ နားထဲက ပိုးဟပ်(၁၀)ကောင်ထက်မနည်း ထုတ်ပေးခဲ့ရပါတယ်။ ဘာကြောင့်ဒီလိုဝင်နေလဲဆိုတာကို မေးကြည့်လိုက်တော့ Mr.L က ညဘက်တွေမှာ မုန့်စားတက်ပြီး မုန့်တွေကိုလည်း အိပ်ယာဘေးမှာထားတက်ပါတယ်။ ဒီအကြောင်းရင်းကပဲ ပိုးမွားတွေက လူ့နဲ့အနီးဆုံးနေရာမှာရှိနိုင်တာဖြစ်တယ်လို့ ဆရာဝန်က ကောက်ချက်ချထားပါတယ်။ ဒီလိုမျိုး ပိုးမွှားတွေကနားထဲမှာ နေထိုင်နေတယ်ဆိုတာက ရံဖန်ရံခါအချိန်မျိုးမှာ ဖြစ်တက်သလို များသောအားဖြင့် ပင့်ကူတွေ၊ ပိုးဟပ်တွေကိုအများဆုံးရှိတက်ပါတယ်။ ဒီတော့ ကိုယ့်ကျန်းမာရေးအတွက် အိပ်ယာပေါ်မှာ မုန့်တွေယူမစားကြပါနဲ့နော်