Friday - November 15 - 2019

မှားယွင်းစွာသေဒဏ်ပေးခံခဲ့ရတဲ့(၁၄)နှစ်အရွယ်ကောင်လေး

George Stinney Jr ဟာ ၂၀ရာစုနှစ်ရဲ့ အသက်အငယ်ဆုံးသေဒဏ်ပေးခံခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စုက လူမည်းအမျိုးသားလေးတစ်ဦးဖြစ်ပါတယ်။ အသက်(၁၄)နှစ်သာရှိသေးပြီး လျှပ်စစ်ထိုင်ခုံပေါ်မှာ မှားယွင်းစွာသေမိန့်ချမှတ်ခံခဲ့ရသူတစ်ဦးပါ။သူထောင်ကျနေစဉ်နဲ့ တရားခွင်ရင်ဆိုင်နေရချိန်မှာလည်း သူ့လက်ထဲမှာအမြဲတမ်းရှိနေခဲ့တာက ကျမ်းစာ စာအုပ်လေးတစ်အုပ်ပါ။ဒါက သူရဲ့အပြစ်မရှိမှုကိုကိုယ်စားပြုပါတယ်။ အသက်(၁၁)နှစ်နဲ့အသက်(၇)နှစ်အရွယ် လူဖြူကလေးမလေးနှစ်ယောက်ရဲ့အလောင်းကို သူတို့နေထိုင်ရာအိမ်နားမှာတွေ့ခဲ့လို့ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ပြစ်မှုနဲ့ဖမ်းဆီးခံခဲ့ရသူဖြစ်ပါတယ်။ တရားခွင်ထဲကလူတွေကလည်း လူဖြူလူမျိုးတွေဖြစ်လို့ George အတွက်တော့ မျက်နာသာပေးခြင်းမခံခဲ့ရသလို တရားခွင်စစ်ဆေးချိန်(၂)နာရီအတွင်းမှာ လူသေမှုနဲ့အမိန့်ချမှတ်ခြင်းခံခဲ့ရပါတယ်။ ကောင်လေးရဲ့မိဘဖြစ်သူတွေကိုလည်း ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့သလို လာဘ်ထိုးပြီး မြို့ထဲကနေ ထွက်သွားအောင် အတင်းအဓမ္မစေခိုင်းခြင်းခံခဲ့ရပါသေးတယ်။
သေဒဏ်ကျဖို့စောင့်နေရစဉ် (၈၁)ရက်အတွင်း George ဟာ သူ့ရဲ့မိဘတွေနဲ့တွေ့ခွင့်မရှိဘဲ မြို့နဲ့(၈၀)ကီလိုမီတာအဝေးက အခန်းတစ်ခုထဲမှာ အထီးကျန်စွာနေခဲ့ရပါတယ်။တရားသူကြီးနဲ့လည်းတွေ့ခွင့်မရခဲ့ပါဘူး။
သေဒဏ်ပေးချိန်မှာ သူ့ခေါင်းပေါ်မှာဆောင်းထားတဲ့ လျှပ်စစ်ဗို့အားက ၅၃၈၀ ဗို့အားရှိပါတယ်။ကလေးတစ်ယောက်ရဲ့ကြောက်လန့်မှု၊အားငယ်မှုတွေက မြင်ရသူစိတ်ထဲ ဝမ်းနည်းဖွယ်ရှိနေပါတယ်။ ကံမကောင်းစွာပဲ George သေဆုံးပြီး နှစ်(၇၀)ကြာမှ သူ့ဟာ အပြစ်ကင်းသူတစ်ယောက်ဖြစ်ကြောင်း၊ လူဖြူကလေးမလေး (၂)ဦးကသတ်ခဲ့တဲ့သူက ကလေးတစ်ယောက်ရဲ့ကိုယ်အလေးချိန်ထက် ပိုများပြီး ကလေး(၂)ယောက်ကိုသတ်ပြီး အိမ်ဘေးမှာလာပစ်ဖို့ဆိုတာ Geroge တစ်ယောက်တည်းနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာကို သက်သေနဲ့တကွထုတ်ဖော်နိုင်ခဲ့ပါတယ်။လူမည်းတစ်ယောက်ဖြစ်နေလို့ တစ်စုံတစ်ယောက်က သူ့အပေါ်အပြစ်အားလုံးပုံချခဲ့ပေမယ့် အပြစ်ကင်းတဲ့ ကလေးတစ်ယောက်ရဲ့ ဝိဉာဏ်ကတော့ အမှန်တရားအတွက် အေးချမ်းစွာ အနားယူနိုင်ခဲ့ပါပြီ။
George ရဲ့ ဖြစ်ရပ်မှန်ကို စာရေးဆရာ Stephen Kingက Green Mile ဆိုတဲ့စာအုပ်မှာထည့်သွင်းရေးသားခဲ့ပါတယ်။