Thursday - November 28 - 2019

အွန်လိုင်းအတူ လမ်းသစ်ဖောက်ပါ

အရင်က အွန်လိုင်းနဲ့နွယ်ပြီး လုပ်ရတဲ့လုပ်ငန်းအခွင့်အလမ်းတွေကို တော်တော်များများမသိခဲ့ကြပေမယ့် ၂၀၁၀နောက်ပိုင်းကနေစလို့ online marketers တွေ၊ Content writers တွေစပြီးခေတ်စားလာတဲ့ အချိန်။ Online စီးပွားရေးသမားတွေအတွက် ရွှေခေတ်လို့တောင်ပြောလို့ရခဲ့ပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာ အိမ်မှာသက်တောင့်သက်တာနေရင်း online shop လုပ်မလား။ Beauty blogger လုပ်မလား။ စားသောက်ဆိုင်တွေမှာ စား reivew တွေရေးဦးမလား။ လူငယ်တွေ စိတ်ကြိုက် ဖန်တီးခွင့်ရှိတဲ့ အခွင့်အရေးတွေကို အွန်လိုင်းကနေတဆင့် ပေးစွမ်းခဲ့ပါတယ်။ သမတ်ရိုးကျလုပ်ငန်းခွင်တွေထဲကနေ thinking out of the box စိတ်ကူးကောင်းတွေ၊ idea ကောင်းတွေကို ချပြခွင့်ရှိတဲ့ အွန်လိုင်းကွန်ရက်ကြီးတစ်ခုက လူငယ်တွေရဲ့ လက်ထဲကို ရောက်လာခဲ့ပါတယ်။ နိုင်ငံတကာနဲ့ယှဉ်ဦးမလားကမ္ဘာ့အလယ်မှာ အောင်မြင်မှုတွေရနေတဲ့ မြန်မာနိုင်ငံက လူငယ်တွေမှအများကြီး။
ထပ်ထပ်ပြီးတိုးတက်ဖို့ပဲရှိနေတဲ့ ခေတ်ကြီးထဲမှာ လူငယ်တွေအနေနဲ့ အောင်မြင်တဲ့လမ်းကြောင်းကိုဖောက်ဖို့ ကိုယ်ဝါသနာပါရာ အိပ်မက်တွေနောက်ကိုလိုက်ပါ။အင်တာနက်သုံးပါ။ကမ္ဘာကြီးနဲ့ချိတ်ဆက်ပါ။ သင်ယူပါ။ လေ့လာပါ။တီထွင်ကြံဆပါ။ ပြန်ပြီးဝေမျှပါ။ သူများဖောက်ထားတဲ့လမ်းကြောင်းအတိုင်း တသေမတိမ်းမလိုက်ပါနဲ့။အွန်လိုင်းကိုအသုံးချပြီး ကိုယ့်ရဲ့လမ်းကြောင်းသစ်ကို ရှာဖွေနိုင်ပါစေ.......