Thursday - December 12 - 2019

Cowboy စတိုင်ကြောင့် လူကြိုက်များနေခိုလေးတွေ

ခိုလေးတွေခေါင်းပေါ်မှာ ဦးထုပ်ဆောင်းပြီး လျှောက်သွားနေတာမျိုး သင်မြင်ဖူးမှာမဟုတ်ပါဘူး။ အထူးသဖြင့် Las Vegas မြို့ထဲကမဟုတ်ရင်ပေါ့။ cow boy ဦးထုပ်ဆောင်းပြီး လျှောက်သွားနေတဲ့ ခိုလေးကတော့ သူတို့မြို့မှာတကယ်ရှိပါတယ်။ဒီဦးထုပ်ဆောင်းထားတဲ့ ခိုလေးတွေကိုစပြီးသတိထားမိတာကတော့ မြို့ခံBobby Lee ပါ။ အမှိုက်ပုံးနားမှာ နားနေတဲ့ ဦးထုပ်နဲ့ခိုလေးနှစ်ကောင်က သူ့အတွက်တော့အထူးအဆန်းပါပဲ။ အနီနဲ့အညိုရောင် ဦးထုပ်ဆောင်းထားတဲ့ ခိုလေးနှစ်ကောင်ကို ဓာတ်ပုံရိုက်ပြီးလိုင်းပေါ်တင်အပြီးမှာ စိတ်ဝင်စားမှုကို ပိုပြီးမြင့်တက်လာခဲ့ပါတယ်။ဒီဗီဒီယိုကို သတင်းအဖြစ်တင်ဆက်ဖို့ပြည်တွင်းမီဒီယာကနေတောင် အဆက်အသွယ်ရခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Cowboys အဖွဲ့အစည်းဖြစ်တဲ့ Wrangler National Rodeo ရဲ့ပြိုင်ပွဲလည်းရှိလို့ သူတို့စီကလွှတ်လိုက်တာလို့ထင်ထားပေမယ့် အဖွဲ့အစည်းဘက်က ငြင်းဆန်ထားတော့ ပိုပြီးတော့တောင်စိတ်ဝင်စားမှုရခဲ့ပါတယ်။
ခိုတွေခေါင်းပေါ်က ဦးထုပ်ကိုဖယ်ပစ်ဖို့ကြိုးစားခဲ့ပေမယ့်လည်း သိပ်တော့အလုပ်မဖြစ်ခဲ့ပါဘူး။ ဘယ်သူက ဘယ်လိုရည်ရွယ်ချက်နဲ့ ခိုလေးတွေကို ဦးထုပ်ဆောင်းထားပေးမှန်းမသိရသေးပေမယ့် မြို့သူမြို့သားတွေကတော့ တော်တော်လေးသဘောကျနေကြပါတယ်။