Tuesday - December 17 - 2019

တစ်ကိုယ်တော် ခရီးထွက်ဖို့ ဘာကြောင့် စမ်းသပ်ကြည့်သင့်သလဲ

အပျော်ခရီး တစ်ခုခု ထွက်တော့မယ်ဆိုရင် မိသားစုတွေ၊ မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်းတွေ၊ ချစ်ခင်သူတွေနဲ့ သိုက်သိုက်ဝန်းဝန်း သွားတတ်ကြတာ ဓမ္မတာပါပဲ။ ပိုပြီးလည်း ပျော်စရာ ကောင်းပါတယ်။ ဒါပေမဲ့ တစ်ယောက်တည်းပဲ ဘယ်သူ့ကိုမှ မခေါ်ဘဲ တစ်ကိုယ်တော် ခရီးထွက်ကြည့်မယ် ဆိုရင်လည်း ကွဲပြားတဲ့ အတွေ့အကြုံကောင်းတွေနဲ့ ပျော်စရာ ခံစားမှုတွေ ရရှိနိုင်ပါတယ်။