Tuesday - December 24 - 2019

2019 ကိုပြန်သုံးသပ်ရအောင်

၂၀၂၀ အတွက် Plan မလုပ်ခင် ၂၀၁၉ revolution ကဘယ်လောက်အထိရောက်ခဲ့လဲ။ စိတ်ကျေနပ်မှုဘယ်လောက်ရှိခဲ့လဲ? တစ်နှစ်ကုန်ခါနီးမှာ အမြဲတမ်းလုပ်လေ့ရှိတဲ့ ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်ခြင်းကို ဘယ်လောက်အထိ အားရပြီလဲ??? ချရေးကြည့်ရအောင်
၂၀၁၉ တစ်နှစ်လုံး စာဘယ်နှစ်အုပ်ဖတ်ခဲ့လဲ??
၂၀၁၉ တစ်နှစ်လုံး သင်တန်းတက်မယ်ဆိုတဲ့ သင်တန်းတွေ ဘယ်နှစ်ခုတက်ဖြစ်လဲ??
၂၀၁၉ တစ်နှစ်လုံး လုပ်ငန်းခွင်မှာ ကိုယ်သတ်မှတ်ထားတဲ့နေရာကိုရော ရောက်ရဲ့လား??
၂၀၁၉ တစ်နှစ်လုံး ခရီးမသွားပဲ၊ မုန့်မစားပဲ ပိုက်ဆံဘယ်လောက်စုဖြစ်လဲ???
၂၀၁၉ တစ်နှစ်လုံး ကိုယ့်အတွက် စိတ်ပျော်ရွှင်ဆုံးနဲ့ စိတ်အညစ်ရဆုံး နေ့ရက်တွေကို ဘယ်လောက်လောက်ရှိလဲ??
၂၀၁၉ တစ်နှစ်လုံး မပြောဖြစ်လိုက်တဲ့ စကားတွေနဲ့ မလုပ်လုပ်ရတဲ့ အလုပ်တွေအတွက် နောင်တရနေလား???
၂၀၁၉ တစ်နှစ်လုံးအတွက် အမြင့်ဆုံးရလဒ်နဲ့ မထင်မှတ်ထားတဲ့ရလဒ်တွေက ဘာဖြစ်မလဲ???