Tuesday - December 24 - 2019

Japan Myanmar ပွဲတော် (2020)

📅 ကျင်းပမည့် နေ့ရက် - ၉ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၀ ခုနှစ်။
📍 ကျင်းပမည့်နေရာ - သုဝဏ္ဏဘူမိ Event Park (Thuwunna Bhumi), ရန်ကုန်မြို့။

🇯🇵 🇲🇲 ဆဌမ အကြိမ်မြောက် Japan Myanmar ပွဲတော်ကြီးကို လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့၌ သုဝဏ္ဏဘူမိ Event Park တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ "ဂျပန်-မြန်မာ တောက်ပတဲ့အနာဂတ်ဆီသို့" ခေါင်းစဉ်ဖြင့် ဂျပန် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ယဉ်ကျေးမှုတို့ကို ရှေ့ရှု ဖော်ကျူးပြသမယ့်ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။

🇯🇵 🇲🇲 အလန်းစား ဖျော်ဖြေရေး အစီအစဉ်များနဲ့ ဂျပန် မြန်မာ ထုတ်ကုန်ပစ္စည်း အသီးသီးတို့ကို ဈေးနှုန်းချိုသာစွာဖြင့် ခင်းကျင်း ပြသ ရောင်းချပေးမှာဖြစ်ပါတယ်။ သန့်ရှင်းပြီး အရသာကောင်းမွန်တဲ့ ဂျပန် စားသောက်ဆိုင်များကိုလည်း ရွှေမြန်မာတို့ မြိန်ရည်ယှက်ရည် စားသောက်နိုင်ဖို့ အထူးစီစဉ်ပေးထားပါတယ်။
🇯🇵 🇲🇲 ပုရိသတို့၊ ဣတ္ထိယတို့ရဲ့ အသည်းကို ကိုင်လှုပ်မယ့် အမိုက်စား Celebrities တွေက ဘယ်သူတွေဖြစ်မလဲ
Projeck K
နီနီခင်ဇော်
Sophia Everest
ဖြူဖြူကျော်သိန်း
ဂျပန်အဆိုတော် Hirahara Ayaka နဲ့ Morisaki Win တို့ပဲဖြစ်ပါတယ်။