Friday - December 27 - 2019

ကမ္ဘာ့အကြီးဆုံးChristmas သစ်ပင်ကြီးရှိရာ အီတလီမြို့ငယ်လေး

လွန်ခဲ့တဲ့ရာစုနှစ်(၃)စုလောက်ကတည်းက အီတလီနိုင်ငံ၊အန်ဘရီယာခရိုင်မှာရှိတဲ့ အန်ဂိုင်းနိုးတောင်ခြေအောက်ကရွာလေးမှာ Christmas ရာသီရောက်တိုင်း ထူးထူးခြားခြားအလေ့အထတစ်ခုကိုလုပ်လေ့ရှိပါတယ်။ အဲ့တာကတော့ ကမ္ဘာ့အကြီးဆုံး Christmas သစ်ပင်ကြီးကို ပုံဖော်တာပါပဲ။ တောင်ထိပ်ကနေ တောင်ခြေအထိရောင်စုံမီးတွေနဲ့အလှဆင်ထားတဲ့ ပေ(၇၅၀)ရှည်လျားတဲ့ ကမ္ဘာ့အကြီးဆုံးသစ်ပင်ကြီးကို ၁၉၈၁ခုနှစ်ကတည်းက ပုံဖော်ခဲ့တာဖြစ်ပြီး ၁၉၉၁ခုနှစ်မှာတော့ ကမ္ဘာ့အကြီးဆုံးသစ်ပင်အဖြစ် ဂရင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။ ဒီစံချိန်ကိုတော့ ဘယ်နိုင်ငံကမှပြိုင်ဆိုင်နိုင်ခြင်းတော့မရှိသေးပါဘူး။
နှစ်စဉ်နှစ်တိုင်း Christmas ရာသီပွဲတော်အတွက် မီးဆိုင်းတွေကိုပြင်ဆင်တဲ့အခါ ကေဘယ်ကြိုး (၈.၅)ကီလိုမီတာကျော်အထိ အသုံးပြုထားသလို မီးလုံးပေါင်း(၃)ထောင်ကျော်၊မီးပါဝါ(၃၅)ကီလိုဝပ်အထိသုံးထားပါတယ်။ တောင်ထိပ်သစ်ပင်ပေါ်ကမီးလုံးကိုအရောင်ပိုတောက်ပအောင် မီးသီးပေါင်း(၁၃၅၀)အသုံးပြုထားပါတယ်။