Friday - December 27 - 2019

ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာတွေပိုက်ဆံဘယ်လိုသုံးကြလဲ???

ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလီယံနာတွေဖြစ်နေပြီဖြစ်တဲ့ နိုင်ငံတကာက လူငယ်တွေအနေနဲ့ သူတို့ရဲ့ပိုက်ဆံကိုဘယ်လိုနေရာတွေမှာသုံးလေ့ရှိကြလဲ...ဒီတစ်ပတ်မှာတော့ အသက်၂၈နှစ်နဲ့အောက် လူငယ်ဘီလီယံနာတွေကိုရွေးချယ်ထားပါတယ်။
(၁)အရင်ဆုံးပြောပြပေးမယ့်သူကတော့ အသက်(၂၂)နှစ်အရွယ်ခိုင်လီဂျန်နာ
အလှအပဆိုင်ရာကုန်ပစ္စည်းတွေနဲ့ နာမည်ကြီးအောင်မြင်လာတဲ့ ခိုင်လီဂျန်နာဟာ သူမရဲ့အလှကုန်လုပ်ငန်းကနေ ဘီလီယံနဲ့ချီတဲ့ ဝင်ငွေတွေရရှိနေသူပါ။ အမေရိကန်ဒေါ်လာ မီလီယံ(၆၀၀)အထိ ဝင်ငွေရှိသူတစ်ဦးပါ။ သူမရဲ့ဝင်ငွေတွေကို အကောင်းစားဇိမ်ခံပစ္စည်းတွေဖြစ်တဲ့ နာမည်တွေကားအမျိုးအစားတွေဝယ်စုလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က ၁၂မီလီယံတန် ကားတစ်စီးကို ဝယ်ယူခဲ့ပါသေးတယ်။
(၂)ဒုတိယနဲ့တတိယ အချမ်းသာဆုံးလူငယ်အမျိုးသမီးတွေအကြောင်းကိုပြောရရင် Alexandra နဲ့ Katheria Andresen တို့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့အသားတင်ချမ်းသာကြွယ်ဝမှုက ဘီလီယံ၁.၄ သန်းအထိရှိပါတယ်။ ဖခင်ဖြစ်သူတည်ထောင်ထားတဲ့ နော်ဝေအခြေစိုက်ကုမ္ပဏီရဲ့ရှယ်ယာ၄၂.၂ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။
Alexandra ကတော့မြင်းစီးဝါသနာပါပြီး သူမမှာ ကိုယ်ပိုင်မြင်း(၄)ကောင်ရှိပါတယ်။ နိုင်ငံတကာမြင်းစီးပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်ဖူးလေ့ရှိပါတယ်။ လူငယ်ပီပီ Night out ထွက်လေ့ရှိသလို တောင်တက်တာ၊ ငါးမျှားတာ၊ခရီးထွက်ရတာကို သဘောကျသူပါ။ သူမညီအစ်မနှစ်ယောက်မှာ ခွေးလေး(၅)ကောင်ရှိပါတယ်။ ညီမဖြစ်သူကလေည်း မြင်းစီးဝါသနာပါသူဖြစ်ပေမယ့် ဖက်ရှင်ပိုင်းကို ပိုစိတ်ဝင်စားသူဖြစ်လို့ နာမည်ကြီး brand တွေစုဆောင်းရတာကြိုက်သူပါ။ ဖိနပ် crazyတစ်ယောက်လို့ပြောရင်လည်း မမှားပါဘူး။
(၄)ယောက်မြောက် ဘီလီယံနာကိုပြောပါဆိုရင် နော်ဝေရဲ့မော်ဒယ် ဝစ်ဇိုး ပါ။ ဝစ်ဇိုးရဲ့အသားတင် ကြွယ်ဝမှုကို ဘီလီယံဒေါ်လာ(၃)သန်းပိုင်ဆိုင်ထားပါတယ်။ နော်ဝေဖက်ရှင်ရှိုးပွဲတိုင်းမှာ အဓိကအားဖြင့် ဖိနပ်မိတ်ဆက်ပွဲတွေမှာထိပ်ဆုံးကတွေ့ရမှာပါ။ နာမည်ကြီးမော်ဒယ်တစ်ဦးဖြစ်ပြီး ခရီးသွားရတာကို သဘောကျသူပါ။ တစ်ခါတစ်ရံ သူ့ရဲ့လက်တစ်ချောင်းလုံးအပြည့်ထိုးထားတဲ့တက်တူးကိုလည်းဖော်ထုတ်ကြွားလေ့ရှိပါတယ်။ တေးဂီတရှိုးပွဲတွေဆိုလည်း မလွတ်တမ်းကြည့်တက်ပါတယ်။ ဂေါက်ရိုက်တာ၊ နှင်းလျောစီးတာ၊ စကိတ်စီးတာကိုလည်း သဘောတွေ့လှပါတယ်။ ခွေးလေးတွေလည်းချစ်တက်သူပါ။
(၅)နောက်ဆုံးလူငယ်တစ်ယောက်ကတော့ နည်းပညာကိုပိုပြီးစိတ်ဝင်စားပြီး ကိုယ်တိုင်လည်း စွန့်ဦးတီထွင်သူတစ်ဦးဖြစ်တဲ့ John Collision ပါ။ အသက်(၂၉)နှစ်အရွယ်အိုင်းရစ်လူငယ်စွန်ဦးတီထွင်သူစြဖ်ပြီး အသားတင်ချမ်းသာကြွယ်ဝမှုက ဘီလီယံ(၂.၁)သန်းပိုင်ဆိုင်ပါတယ်။ ဟားဗက်တက္ကသိုလ်မှာတက်ရောက်နေသူဖြစ်ပြီး သူ့ရဲ့အားလပ်ချိန်တွေကို ခရီးသွားခြင်းနဲ့ကုန်ဆုံးတက်ပါတယ်။ ကိုယ်တိုင် ဂျက်လေယာဉ်မောင်းတာ၊ သူငယ်ချင်းတွေနဲ့ camp ခရီးထွက်တာမျိုးကို သဘောကျသူပါ။အားကစားလုပ်ရတာလည်းဝါသနာပါသူဖြစ်ပါတယ်။ပျော်ပျော်နေတက်သူတစ်ဦးလည်းဖြစ်ပါတယ်။