0 - 0

Thursday - June 27 - 2019

အာဖရိကဖလား ဆွတ်ခူးရေးသည် ကြီးမားသောအိပ်မက်ဟု မာနေးပြောကြား

အာဖရိကနိုင်ငံများဖလားဆွတ်ခူးရေးသည်မိမိအတွက်လီဗာပူးနှင့်ချန်ပီယံလိဂ်ဖလားရရှိခြင်းထက်လွန်ကဲမည်ဟုဆာဒီယိုမာနေးကပြောသည်။
ဇွန်လ၁ရက်ကစပါးကို၂-ဝဂိုးဖြင့်နိုင်ပွဲတွင်အောင်ပွဲခံခဲ့သောလီဗာပူး၏၂၀၁၈-၁၉ချန်ပီယံလိဂ်ယှဉ်ပြိုင်မှု၌မာနေး(၂၇)နှစ်ကအဓိကနေရာမှပါဝင်ခဲ့သည်။သို့သော်လီဗာပူး၏ဥရောပပွဲ၁၃ပွဲစလုံးတွင်ပါဝင်ခဲ့သောမာနေးသည်မိခင်နိုင်ငံဆီနီဂေါကိုအာဖရိကနိုင်ငံများဖလားပထမဆုံးအကြိမ်ရရှိအောင်ကူညီနိုင်ခဲ့ပါကပိုမိုကြီးမားသောအောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။
‘‘ကြီးကျယ်တာတစ်ခုအောင်မြင်ဖို့ကျွန်တော်တို့အားလုံးပေါ်မူတည်ပါတယ်။ကျွန်တော်တို့ဟာရေပန်းစားအသင်းတွေထဲကတစ်သင်းပါ။ဒါကိုငြင်းလို့မရပါဘူး။ဒါပေမဲ့ဒီလိုသတ်မှတ်ခံရတာနဲ့လမ်းဆုံးအထိရောက်မယ်လို့အာမမခံနိုင်ပါဘူး’’ဟုမာနေးကပြောသည်။
‘‘အာဖရိကနိုင်ငံများဖလားတစ်ခါမှမရဖူးတဲ့ကျွန်တော့်နိုင်ငံနဲ့ဖလားဆွတ်ခူးတာဟာတကယ်ကိုကြီးကျယ်ပါလိမ့်မယ်။ချန်ပီယံလိဂ်ဆုကိုအာဖရိကဖလားဆုနဲ့တောင်လဲလိုက်ချင်ပါတယ်။ဖလားရပြီးနိုင်ငံပြန်သွားရင်လုံးဝထူးခြားသွားမှာပါ။ဒါဟာကျွန်တော့်ရဲ့အကြီးမားဆုံးအိပ်မက်ပါပဲ’’ဟုမာနေးကဆက်လက်ပြောသည်။
ဆီနီဂေါသည်အုပ်စု(C)တွင်တန်ဇန်းနီးယားကို၂-ဝဂိုးဖြင့်အနိုုင်ရရှိပြီးအုပ်စုပွဲကိုစတင်ဖွင့်လှစ်ခဲ့သည်။ခြေစစ်ပွဲမှအဝါကတ်နှစ်ကတ်ကြောင့်ယင်းပွဲစဉ်နှင့်မာနေးလွဲချော်ခဲ့သော်လည်း ယနေ့ည ကစားမည့်အယ်လ်ဂျီးရီးယားနှင့်ပွဲ၊ကင်ညာနှင့်အုပ်စုနောက်ဆုံးပွဲတွင်ပါဝင်ရန်အသင့်ရှိနေသည်။
—Ref:Goal