0 - 0

Thursday - July 11 - 2019

ဆီရီနာ၊ ဟာလက်၊ ဆဗစ်တိုလီနာနှင့် ဘာဆိုရာတို့ ဝင်ဘယ်ဒန်ဆီမီးဖိုင်နယ်တက်ရောက်

လန်ဒန်မြို့၌ ကျင်းပနေသောဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတွင်နိုင်ခြေအဆင့်(၇)ဆီမိုနာဟာလက်ကတရုတ်မှဇန်ဂူအီကို၇-၆(၇-၄)၊၆-၁ဖြင့်အနိုင်ရရှိပြီး၂၀၁၄နောက်ပိုင်းပထမဆုံးအကြိမ်ဝင်ဘယ်ဒန်ဆီမီးဖိုင်နယ်သို့ပြန်လည်တက်ရောက်ခဲ့သည်။
အမျိုးသမီးဘက်ခြမ်းတွင်ကျန်ရှိသူနိုင်ခြေအဆင့်အမြင့်ဆုံးကမ္ဘာ့နံပါတ်(၁)ဟောင်းသည်ပထမပွဲငယ်၌၄-၁ဖြင့်ရှုံးနေရာမှအနိုင်ရရှိပြီး၈၆မိနစ်အတွင်းအနိုင်ရရှိသည်။
ဟာလက်(၂၇)နှစ်သည်ဆီမီးဖိုင်နယ်တွင်နိုင်ခြေအဆင့်(၈)ယူကရိန်းမှဆဗစ်တိုလီနာနှင့်တွေ့ဆုံမည်ဖြစ်သည်။ဆဗစ်တိုလီနာကမူချိုဗာကို၇-၅၊၆-၄ဖြင့်အနိုင်ရရှိသည်။
ဆဗစ်တိုလီနာ(၂၄)နှစ်သည်ဂရင်းဆလမ်ဆီမီးဖိုင်နယ်သို့ပထမဆုံးတက်ရောက်ခြင်းဖြစ်သည်။အခြားဆီမီးဖိုင်နယ်ပွဲစဉ်တစ်ခုတွင်ဆီရီနာဝီလီယမ်ကချက်တင်းနစ်မယ်ဘာဘိုရာနှင့်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဆီရီနာကကွာတားဖိုင်နယ်တွင်တစ်နိုင်ငံတည်းသားအမေရိကန်လူငယ်အလီဆင်ရစ်ကီကို၆-၄၊၄-၆၊၆-၃ဖြင့်ကျော်ဖြတ်နိုင်ခဲ့သည်။
‘‘ပြိုင်ပွဲတစ်လျှောက်လက်စွမ်းပြနေတဲ့အလီဆင်ကအလျှော့မပေးခဲ့ပါဘူး။ကျွန်မကအဆင့်မြှင့်တင်ကစားပြီးအနိုင်ယူခဲ့ရတယ်’’ဟုဆီရီနာကပြောသည်။
ဝင်ဘယ်ဒန်ချန်ပီယံခုနစ်ကြိမ်ရရှိသောဆီရီနာ(၃၇)နှစ်သည်ဗြိတိန်တင်းနစ်မယ်ဂျိုဟန်နာကွန်ကာကို၇-၆(၇-၅)၊၆-၁ဖြင့်ကျော်ဖြတ်ခဲ့သောချက်တင်းနစ်မယ်ဘာဆိုရာနှင့်တွေ့ဆုံမည်ဖြစ်သည်။
Ref:BBC/AP