0 - 0

Tuesday - July 23 - 2019

အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင်မြန်မာရွှေနှင့်ကြေးဆွတ်ခူး

အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့်အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ၌မြန်မာအားကစားအဖွဲ့ကရွှေတစ်ခုနှင့်ကြေးတစ်ခုဆွတ်ခူးထားသည်။
ဇူလိုင်၂၁ရက်ကယှဉ်ပြိုင်သည့်ကြိုးတပ်သံလုံးပစ်အားက စားနည်းပြိုင်ပွဲတွင်မြန်မာကစားသမားစောဒီဇင်ဘာသိန်းကရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။ယင်းပြိုင်ပွဲတွင်မလေးရှားကစားသမားနှစ်ဦးကငွေတံဆိပ်နှင့်ကြေးတံဆိပ်အသီးသီးရရှိသည်။
ပြေးခုန်ပစ်မီတာ၃,၀၀၀ပြိုင်ပွဲတွင်မြန်မာကစားသမားလွီးဇာကကြေးတံဆိပ်ရရှိခဲ့သည်။ယင်းပြိုင်ပွဲ၌ဗီယက်နမ်ကစားသမားကရွှေတံဆိပ်နှင့်မလေးရှားကစားသမားကငွေတံဆိပ်ရရှိသည်။
(၁၁)ကြိမ်မြောက်အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကိုဇူလိုုင်၁၇ရက်မှ၂၅ရက်အထိအင်ဒိုနီးရှားနိုင်ငံဆာမာရန်းမြို့တွင်ကျင်းပနေပြီး၁၀နိုင်ငံကကစားသမား၁၀၀၀ကျော်ပါဝင်ယှဉ်ပြိုင်နေသည်။မြန်မာအားကစားအဖွဲ့သည်ဘော်လီဘော၊ပိုက်ကျော်ခြင်း၊ပြေးခုန်ပစ်နှင့်စားပွဲတင်တင်းနစ်ပြိုင်ပွဲများ၌ဝင်ရောက်ယှဉ်ပြိုင်နေသည်။