0 - 0

Monday - July 29 - 2019

မန်ယူမှ ထွက်ခွာမည်ဟု တိုက်စစ်မှူး လူကာကူ အရိပ်အမြွက်ပြောကြား

ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူကယခုနှစ်နွေရာသီတွင်မန်ယူမှထွက်ခွာနိုင်ကြောင်းအရိပ်အမြွက်ပြောကြားပြီးအရေးကြီးသောဆုံးဖြတ်ချက်ကိုမကြာမီကြေညာဖွယ်ရှိကြောင်းပြောသည်။
အင်တာမီလန်ကခေါ်ယူရန်ကြိုးစားနေသောလူကာကူသည်မန်ယူ၏ရာသီကြိုအစီအစဉ်တွင်ပါဝင်ခြင်းမရှိဘဲအင်တာမီလန်နည်းပြကွန်တီက၎င်းကိုခေါ်ယူလိုကြောင်းလူသိရှင်ကြားပြောကြားထားသည်။
လူကာကူကအေးဂျင့်ဖက်ဒရီကိုပါစတိုရယ်လိုနှင့်တွဲ၍ရိုက်ထားသောဓာတ်ပုံကိုအင်စတာဂရမ်အကောင့်တွင်ဖော်ပြကာမကြာမီအဖြစ်အပျက်များဆက်လက်ဖြစ်ပေါ်လာမည်ဟုရေးသားထားသည်။
ထိုအတောအတွင်းပါစတိုရယ်လိုကပရီးမီးယားလိဂ်တွင်သွင်းဂိုး၁၁၀ကျော်သွင်းယူထားသောလူကာကူသည်ကမ္ဘာပေါ်၌အကောင်းဆုံးတိုက်စစ်မှူးသုံးဦး(သို့မဟုတ်)လေးဦးအနက်တစ်ဦးဖြစ်သည်ဟုပြောသည်။
မကြာသေးမီကလူကာကူကိုယ်တိုင်စီးရီးအေတွင်စိန်ခေါ်မှုအသစ်ကိုလက်ခံလိုကြောင်းဝန်ခံပြီးအင်တာမီလန်ကခေါ်ယူလိုသလိုဂျူဗင်တပ်ကလည်း၎င်းကိုခေါ်ယူရန်ပြင်ဆင်နေသည်ဟုသတင်းထွက်နေသည်။
အင်တာမီလန်နည်းပြကွန်တီကတိုက်စစ်မှူးအီကာဒီသည်ရာသီသစ်အစီအစဉ်တွင်ပါဝင်ခြင်းမရှိဘဲလူကာကူသည်မိမိများစွာသဘောကျသောကစာသမားဖြစ်ကာချယ်လ်ဆီးကိုကိုင်တွယ်စဉ်ကတည်းကခေါ်ယူလိုခဲ့သည်ဟုပြောသည်။
ထိုအတောအတွင်းရီးရဲလ်ကမန်ယူမှပြင်သစ်ကွင်းလယ်လူပေါ့ဂ်ဘာကိုပေါင်သန်း၁၅၀ဖြင့်ကမ်းလှမ်းရန်ပြင်ဆင်နေကြောင်းသတင်းထွက်ပေါ်နေသည်။
—Ref:Goal